သတင်းများ

ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာများထားရှိမည့် Quarantine Center အား စုပေါင်းသန့်ရှင်းရေး ပြုလုပ်
Jul 15,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ နေ့စဉ်နှင့်အမျှ များ ပြားလာလျှက်ရှိရာ ၎င်းပိုးတွေ့အတည်ပြုလူနာများအား ထားရှိရန်အတွက် အရာရှိရပ်ကွက်ရှိ ပညာ ရေးကောလိပ်ကျောင်းကို Quarantine Center အဖြစ်ထားရှိ၍ ကျန်းမာ‌ရေးစောင့်ရှောက်မှုများ ပြု လုပ်နိုင်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က စုပေါင်းသန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေကြည်မြို့နယ်တွင် စေတနာ့ဝန်ထမ်းပံ့ပိုးကူညီရေးအဖွဲ့မှ PPE ဝတ်စုံ ဝတ်နည်း ချွတ်နည်း‌လေ့ကျင့်သင်ကြားပေး
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ရေကြည်မြို့နယ်တွင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မြို့နယ် ကျန်းမာရေးဦးစီးဌာန မှ ကိုဗစ်-၁၉ ရောဂါကူးစက်မှုကိုကာကွယ်ထိန်းချုပ် နိုင်ရန် လိုက်ပါဆောင်ရွက်ကြမည့် လူမှုရေးအသင်းအဖွဲ့များအား စနစ်တကျဆောင်ရွက်နိုင်စေရန် PPE ဝတ်စုံ ဝတ်နည်း ချွတ်နည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီအချိန်ကလေ့ကျင့်သင်ကြားပေးခဲ့သည်။
သီပေါမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်းများ ပြုလုပ်ဆောင်ရွက်
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုများ များပြားလာသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ဇူလိုင်လ ၁၂ ရက်နေ့ရက်စွဲပါ အမိန့်အမှတ် (၂၈၇/၂၀၂၁)ဖြင့် နေအိမ်တွင် နေထိုင်ရေး (Stay at Home)အစီအစဉ်တွင် အကျုံးဝင်ကြောင်း သတ်မှတ်ကြေညာခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းများ ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးကြေငြာလှုံ့ဆော်ခြင်းများ ပြုလုပ်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ပြည်သူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask)များ တပ်ဆင်သွားလာအသုံးပြုစေရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(mask)များ ဖြန့်ဝေပေးခြင်းနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များနှင့်အညီ သွားလာနေထိုင်စေရေးအတွက် အသံချဲ့စက်ဖြင့် အသိပညာပေး လှုံ့ဆော်ခြင်း များကို ယနေ့နံနက်ပိုင်းက မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ မြို့ပေါ် ရပ်ကွက်များနှင့်ဈေး၊ သင်္ဘောဆိပ် များသို့လှည့်လည်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျိန္တလီမြို့ တွင် ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၂)ဦးထပ်မံတွေ့ရှိ
Jul 15,2021
သံတွဲခရိုင် ၊ ကျိန္တလီမြို့ တွင် ရတနာမြိုင်‌ေကျးရွာမှ အသက်(၃၉)နှစ် အမျိုးသားတစ်ဦး ၊ အသက်(၃၀)နှစ်အမျိုးသမီးတစ်ဦး ၊ ချင်းကွင်းကျေးရွာမှ အသက်(၃၇)နှစ် အမျိုးသမီးတစ်ဦး နှင့် ကံ့ကော်တောင်ကျေးရွာမှ အသက်(၄၅)နှစ်အမျိုးသားတစ်ဦး စုစုပေါင်း(၄)ဦးတို့သည် သံသယဖြစ် ဖွယ်လက္ခဏာများတွေ့ရှိရသဖြင့် ကျိန္တလီမြို့ ပြည်သူ့ဆေးရုံတွင် ယနေ့ နေ့လည်အချိန်က RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ကြောင်းသိရသည်။
ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ   ၂၈ ဦး ထပ်မံတွေ့ရှိစုစုပေါင်း အတည်ပြုလူနာ ၁၁၄ ဦးရှိပြီဖြစ်
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ  သိရသည်။ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများသည် ပင်လောင်းမြို့ ရုံးဝင်း ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကံသာဦးရပ်ကွက်မှ အမျိုးသား တစ်ဦး၊ နန်းတုတ်ကျေးရွာအုပ်စု နန်းတုတ်ရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊  ဘန်းပြင်ဘုန်းကြီးကျောင်းမှ အမျိုးသားတစ်ဦး၊  တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး  စုစုပေါင်း အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည်။
တောင်တွင်းကြီးမြို့ ရန်ပယ်ပြည်သူ့အားကစားကွင်း၌ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ၂၀ ရာခိုင်နှုန်းပြီးစီး
Jul 15,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၅သန်းဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ပယ်ပြည်သူ့အားကစားကွင်း အတွင်း၌ နိုင်ငံတော်မှ အားထားရသည့် အနာဂတ်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၁၂၀×၉၀×၂၆)ပေ Steel Structure မိုးလုံလေလုံအားကစားခန်းမကြီးကို မေလ(၁၅)ရက်နေ့ကစတင်၍ မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေး ဂိတ်ပြန်လည်ဖွင့်လှစ်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း လျှော့ချနိုင်ရန် အတွက် လူဝင်လူထွက်စစ်ဆေးရေး ဂိတ်ကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရွှေသောင်ယံမြို့ တံတား ထိပ်၌ ပြန်လည် ဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။