ကော့သောင်းမြို့နယ်တွင် ကိုဗစ်-၁၉ကာလ မြို့နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်များအား ထောက်ပံ့ကြေးထုတ်ပေး
Aug 23,2020
လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ၂၀၁၇-၂၀၁၈ခုနှစ် ဘဏ္ဍာရေးနှစ်မှ စတင်၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသောကလေးများ အသက် (၂) နှစ်အထိ ငွေကြေးထောက်ပံ့မှုလုပ်ငန်းများကို ပြည်နယ်နှင့်တိုင်းဒေသကြီးတစ်ချို့တွင် ဆောင်ရွက်ပေးလျက်ရှိရာ ပုံမှန်ဆောင်ရွက်လျက်ရှိသည့်ဒေသများအပြင် ကိုဗစ်-၁၉ကာလအတွင်း ထပ်မံတိုးချဲ့ထောက်ပံ့ပေးသည့် အစီအစဉ်အဖြစ် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်တွင် ကိုယ်ဝန်ဆောင်ထောက်ပံ့ကြေးများကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်း ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနရုံးတွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။