နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိ

နမ္မတူ  ဇူလိုင်  ၁၅

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ (၄၃)ဦး ဆေးကုသမှုခံယူလျက်ရှိကာ စုစုပေါင်းပိုးတွေ့လူနာ (၅၈)ဦး ရှိပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ  ထပ်မံတွေ့ရှိတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦးမှာ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက် (၁)မှ အမျိုးသားသုံးဦး၊ အမျိုးသမီး (၃)ဦး၊ ပန်ဟိုက်ရပ်ကွက် (၉)မှ အမျိုးသားတစ်ဦး၊ ပန်ဟိုက်ရပ်ကွက် (၁၀) အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦး၊ သ.တ.လ ရပ်ကွက် (၃)မှ အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး၊ သ.တ.လ ရပ်ကွက် (၆)မှ အမျိုးသမီးနှစ်ဦး၊ သ.တ.လ (၇)မှ အမျိုးသား တစ်ဦးနှင့် ဘော်တွင်းကျေးရွာမှ အမျိုးသားတစ်ဦးတို့  ဖြစ်သည်။

၎င်းကိုဗစ်ပိုးတွေ့လူနာ (၁၇)ဦးတို့သည် ယမန်နေ့နံနက်ပိုင်းတွင် နေမကောင်းသဖြင့် နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံသို့ သွားရောက်၍ RTD Test Kit ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ ပိုးတွေ့ရှိသော လူနာ(၁၇)ဦးအား နမ္မတူမြို့နယ် ပြည်သူ့ဆေးရုံ (Isolation ward) နှင့် အခြေခံသတ္တုတွင်းလုပ်ငန်းခွင်သင်တန်းကျောင်းရှိ စောင့်ကြည့်ကြပ်မတ် ဆေးကုသသည့် နေရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ အသီးသီး   ပြောင်းရွှေ့ကာ သီးသန့်ထားရှိ ကုသပေးလျက်ရှိပြီး ပိုးတွေ့လူနာ (၁၇)ဦးလုံးမှာ ယခုအချိန်အထိ ကျန်းမားရေးကောင်းမွန်လျက်ရှိကြောင်း နမ္မတူမြို့နယ်၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မှ သိရသည်။

သို့ဖြစ်ပါ၍ ပန်ဟိုက် (၁)၊ ပန်ဟိုက် (၉)၊ သ.တ.လ (၃)၊ သ.လ.လ (၆)နှင့် သ.တ.လ (၇)ရှိ ပိုးတွေ့လူနာနှင့်အတူ မိသားစုဝင်များနေထိုင်တဲ့  နေအိမ်တို့အား (Stay at Home) သတ်မှတ်ဆောင်ရွက်ထားရှိကြောင်း၊ ပန်ဟိုက်ရပ်ကွက် (၁၀)မှ ပိုးတွေ့လူနာနေအိမ်မှာ ဇူလိုင်လ (၁၁)ရက်နေ့ကစတင်ကာ (Stay at Home) သတ်မှတ်ဆောင်ရွက်ထားသော နေအိမ်ဖြစ်ကြောင်း နှင့် ဘော်တွင်းကျေးရွာမှ ပိုးတွေ့လူနာမှာ နမ္မတူမြို့နယ် အသွားအလာကန့်သတ် စောင့်ကြည့်စခန်းမှ စောင့်ကြည့်ထားရှိသူဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

လူမော် (ပြန်/ဆက်)