လက်ပံတန်း ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဂွေးတောက်ကွင်းကျေးရွာ တောင်သူဦးတင်ဝင်း၏ ကွင်းအမှတ် (၁၁၅၈)တွင် မျိုးစေ့ထုတ်မျိုးစပါး (၄)မျိုး ယှဉ်ပြိုင်ကွက်များကို ယမန်နေ့မှစ၍ စတင်စိုက်ပျိုးလျက် ရှိကြောင်း သိရသည်။
မျိုးစပါးယှဉ်ပြိုင်ကွက်များတွင် ဆင်းသုခ၊ ရက်၉၀၊ ပြည်တော်ရင်နှင့် GW-11 တို့ ယှဉ်ပြိုင် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ စိုက်ပျိုးထားရှိခြင်းနှင့် ပက်သတ်၍ မျိုးတစ်မျိုးခြင်းစီ၏ အထွက်နှုန်း၊ အရည်အသွေး လက္ခဏာများကို လေ့လာသွားရန်နှင့် စပါးမျိုးများ ရိတ်သိမ်းသည့်အခါ အထွက်နှုန်း အကောင်းဆုံး မျိုးယှဉ်ပြိုင်နိုင်ရန် စိုက်ပျိုးထားခြင်းဖြစ်ကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီအရာရှိ ဦးဉာဏ်မြင့်ထံမှ သိရသည်။
ဝင့်နန္ဒာဌေး