ချင်းရွှေဟော်မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်ဂိတ်မှနေရပ်ပြန်ပြည်သူ(၁၂) ဦးထပ်မံဝင်ရောက်
Aug 23,2020
တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လောက်ကိုင်မြို့နယ်၊ ချင်းရွှေဟော်မြို့မြန်မာ-တရုတ်နှစ်နိုင်ငံနယ် စပ်ဂိတ်ပေါက်မှ နေ့စဉ်ဝင်ရောက်လျက်ရှိရာ ဩဂုတ်လ ၂၁ ရက်နေ့၊ ညနေ(၆)နာရီအချိန်က(၁၁) ဦး နှင့် ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က(၁)ဦး စုစုပေါင်း နေရပ်ပြန်ပြည်သူ (၁၂)ဦး ထပ်မံဝင်ရောက်လာခဲ့ကြောင်း သိရသည်။