သတင်းများ

မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုမှ ကာကွယ် ထိန်းချုပ်နိုင်ရန်အတွက် ဆိုင်ထိုင်စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေး ကြပ်မတ်ဆောင်ရွက်
Jul 15,2021
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် မြို့နယ်အတွင်းရှိ လိုင်စင်ရ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် လမ်းဘေး စားသောက်ဆိုင် များအား ဆိုင်ထိုင်စားစနစ်မှ ပါဆယ်စနစ်ဖြင့် ရောင်းချနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ရှိသူများက ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်ကာ ကွင်းဆင်းကြပ်မတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဂန့်ဂေါတွင် အောက်ဆီဂျင်စက်ရုံ ဆောက်လုပ်နိုင်ရေး ဆောင်ရွက်လျက်ရှိ
Jul 15,2021
ကိုဗစ်-၁၉ ရောဂါကျရောက်သူများအတွက် လိုအပ်လျက်ရှိသည့် အောက်ဆီဂျင်များ ထုတ်လုပ်နိုင်ရေး အတွက် ဂန့်ဂေါမြို့နယ်တွင် အောက်ဆီဂျင်စက်ရုံဆောက်လုပ်နိုင်ရေုး ဆောင်ရွက်လျက် ရှိသည်။
ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် အထူးကြပ်မတ် ဆောင်ရွက်
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းခရိုင် ၊ ဘုတ်ပြင်းမြို့နယ်အတွင်း  ကိုဗစ်-၁၉ ရောဂါ ကူးစက် ဖြစ်ပွားမှုမှာ ယနေ့အထိ  လူ(၁၀၀)ကျော် ကူးစက်ဖြစ်ပွားလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးဆောင်မှုဖြင့် မြို့တွင်းလမ်းဆုံနေရာများတွင် လမ်းသွားလာနေသူများအား နှာခေါင်းစည်း Mask များ တပ်ဆင်ခြင်းရှိ/မရှိ စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်း လုပ်ငန်းများကို ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သံဖြူဇရပ်မြို့၌ အောက်ဆီဂျင်စက်ရုံတည်ဆောက်ရေး အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနား ပြုလုပ်
Jul 15,2021
သံဖြူဇရပ်မြို့တွင် အောက်ဆီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူငွေပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေး ခန်းမ၌ ပြုလုပ်သည်။
ထန်းတပင်မြို့နယ်တွင် ကိုဗစ် -၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်၌ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ ထန်းတပင်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီမှ မြို့မဈေးကြီးအတွင်း ရောင်းချလျက်ရှိသော ကုန်စိမ်း၊သား၊ငါးနှင့် ပျံကျဆိုင်များအား နှာခေါင်းစည်းများ တပ်ဆင်ရောင်းချနေမှုများကို ယနေ့နံနက်(၈)နာရီက ကြည့်ရှုစစ်ဆေးခဲ့သည်။
နည်းပညာတက္ကသိုလ် (ဟင်္သာတ)တွင် ကိုဗစ်- ၁၉ လူနာကုသရေး ယာယီ ဆေးရုံထပ်မံ ပြင်ဆင်
Jul 15,2021
ဟင်္သာတမြို့နယ် အတွင်းရှိ ကိုဗစ် -၁၉ Positive လူနာများ ပိုမိုကူးစက်လာပါက ဆေးကုသရန် နေရာအခက်အခဲ မရှိစေရေးအတွက် ယမန်နေ့က ခရိုင်နှင့်မြို့နယ် ကိုဗစ်- ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီတို့ ညှိနှိုင်းကာ ကိုဗစ် -၁၉ လူနာများ ထားရှိရန်အတွက် နည်းပညာတက္ကသိုလ် ( ဟင်္သာတ) ကျောင်းရှိ ဟင်္သာမေ အဆောင်ကို ယာယီဆေးရုံအဖြစ် တိုးချဲ့ ဖွင့်လှစ်ရန် စီမံဆောင်ရွက်လျက် ရှိသည်။
မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနှိုင်းပိုစတာနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 15,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လတ်တ လောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွား မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပါဝင်သောအဖွဲ့မှ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ လမ်းဆုံ၊ လမ်းခွများ၊ ကားဂိတ်နှင့်မြို့အဝင် အထွက်နေရာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနှိုင်းပိုစတာကပ်ခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခဲ့ကြသည်။
အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေ ရန်နှင့် ကိုဗစ်-၁၉ ရောဂါကို ကြိုတင်ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မြို့နယ်အတွင်းရှိ ဈေးများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။