ပြင်စလူ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ပြင်စလူမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီး ရေးအတွက် Mask Campaign နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယနေ့ နံနက်(၉) နာရီက ပြင်စလူမြို့ ရပ်ကွက်များအတွင်း ဒုတိယအကြိမ် ကွင်းဆင်းဆောင်ရွက် ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှ မြို့အုပ်ချုပ်ရေးမှူး ဦးရဲဝင့်ထွန်းနှင့် ဌာနဆိုင်များ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ဒုတိယအကြိမ်အဖြစ် ရပ်ကွက် အတွင်းရှိ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ ဈေး ရောင်း ဈေးဝယ် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် တားဆီးရေးအတွက် Mask Campaign နှင့် ကျန်းမာရေး နှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် တစ်ဦးနှင့်တစ်ဦး အချင်းချင်း အသိပေး/သတိပေး ပြောကြားရမည့်အချက်များ၊ သင့်မိသားစုကျန်းမာရေး စနစ်တကျ လက်ဆေးပေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပြင်စလူမြို့ (ပြန်/ဆက်)