သတင်းများ

ကျေးလက်နေပြည်သူများ နွေရာသီသောက်သုံးရေပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေး
Feb 28,2020
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူး ဦးလှဌေးမောင်နှင့် ဝန်ထမ်းများအဖွဲ့သည် မြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ နွေရာသီကာလ သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် ရွာသစ်ကုန်းကျေးရွာအုပ်စု၊ ဆံဖြူခင် ကျေးရွာသို့ သွားရောက်ပြီး မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့သည်။
သိမ်းဆည်းမြေ (၈.၈၆၁)ဧကအား မူလမြေပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး အစည်းအဝေးခန်းမတွင် ရွှေနဂါးမင်း ကုမ္ပဏီမှ စွန့်လွှတ်မြေများကို မူလပိုင်ရှင်များသို့ ပြန်လည်လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Feb 28,2020
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ ပုလဲရတနာခန်းမ၌ ယနေ့နံနက် ၁၀ နာရီက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်စု အုပ်ချုပ်ရေးမှူး များ၏ ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကျင်းပခဲ့ကြောင်း သိရသည်။
သထုံပြည်သူ့စာကြည့်တိုက်၌ စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပ
Feb 28,2020
မွန်ပြည်နယ်၊ သထုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့ နံနက်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း(Book Club) တို့ ပူးပေါင်းကာ စာဖတ်ဝိုင်း ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
ဌာနဆိုင်ရာများ ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အဆင်ပြေစွာ ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေး
Feb 28,2020
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ် အထေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမခန်းမတွင် ယနေ့ နံနက် ၉ နာရီခွဲက ဌာနဆိုင် ရာများအလိုက် မြို့နယ်အတွင်း ပြည်သူ့အကျိုးပြု ဒေသဖွံ့ဖြိုးရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့သည်။
တွံတေးမြို့တွင်းရှိ အဓိကလမ်းမကြီးများအား ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၌ ဒေသခံပြည်သူများနှင့် ခရီးသွားမိဘပြည်သူများ သွားလာရေး အဆင်ပြေချောမွေ့စေရေးအတွက် မြို့တွင်းရှိ အဓိကလမ်းမကြီး အပိုင်း(၃)ပိုင်းအား ရာသီမရွေး သွားလာနိုင်သည့် ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို တွံတေးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ ၂၀၁၉−၂၀၂၀ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိကြောင်း တွံတေးမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ သိရသည်။
လှိုင်သာယာမြို့နယ် ဗိုလ်တေဇလမ်းကွန်ကရစ်လမ်းခင်းရန်အတွက် လမ်းသူလမ်းသားများနှင့် တာဝန်ရှိသူများတွေ့ဆုံ
Feb 28,2020
ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် အမှတ်(၂၀)ရပ်ကွက် ဗိုလ်တေဇလမ်းခင်းရန် အတွက် တာဝန်ရှိသူများသည် လမ်းသူလမ်းသားများနှင့် ယနေ့ နံနက်ပိုင်းတွင် ရပ်ကွက်ဓမ္မာရုံ၌ တွေ့ဆုံခဲ့သည်။
စီဘီစီမြန်မာ အသေးစား ငွေရေးကြေးရေး လုပ်ငန်းကုမ္ပဏီ စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကျင်းပ
Feb 28,2020
အခြေခံလူတန်းစားများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေးနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စီဘီစီမြန်မာ အသေးစားငွေရေးကြေးရေးလုပ်ငန်း ကုမ္ပဏီက စုရပ်ခေါင်းဆောင်များနှင့် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။