ပဲခူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ ဦးဆောင်စီစဉ်မှုဖြင့် ယနေ့ နံနက် ၉နာရီက ပဲခူးမြို့ အထွေထွေရောဂါကုဆေးရုံကြီးသို့ UK Made, ကျပ်သိန်း(၃၅၀၀)တန် Oxygen Plant စက်သစ်ကြီး ရောက်ရှိ လာပြီဖြစ်ပြီး (၂)ရက်အတွင်းအပြီး တပ်ဆင်သွားမည်ဖြစ်ကာ မကြာမီရက်ပိုင်းအတွင်း Oxygen များ ထုတ်လုပ် ဖြန့်ဖြူးပေးနိုင်တော့မည်ဖြစ်သည်။
အဆိုပါ Oxygen Plant စက်သစ်ကြီးသည် တစ်ရက်လျှင် (၄၀)လီတာအိုး အလုံး(၆၀)ခန့် ထွက်ရှိမည် ဖြစ်ကြောင်းနှင့် ခရိုင်မြို့ကြီးများဖြစ်သော သာယာဝတီမြို့၊ တောင်ငူမြို့တို့တွင်လည်း Oxygen Plant စက်သစ်ကြီးများ တပ်ဆင်နိုင်ရေး မှာယူထားပြီးဖြစ်ကြောင်း သိရှိရသည်။
ဝဏ္ဏမောင်