မတ္တရာ သြဂုတ် ၁၇
မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ငါးသယံဇာတတိုးပွားလာရေး၊ ငါးထုတ်လုပ်မှုတိုးတက်စေရေး၊ ငါးမျိုးများမပြုန်းတီးစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပိုမိုစားသုံး နိုင်ရေး အတွက် ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှဦးစီး၍ မတ္တရာမြို့နယ် ရွှေတချောင်း မြောင်းအတွင်းသို့ ငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈နာရီက ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ချောင်းအတွင်းသို့ ရေနံ့သာငါးလုပ်ငန်းစခန်းထုတ်လုပ်သော ငါးမြစ်ချင်း ငါးမျိုး ကောင်ရေ ၅၀၀၀၀နှင့် ငါးခုံးမကြီး ငါးမျိုးကောင်ရေ ၁၀၀၀၀၀ စုစုပေါင်း ငါးမျိုး ၁၅၀၀၀၀ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးစန်းယု၊ ဦးမောင်မောင်သန်းနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်လင်းထိန်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် ငါးလုပ်ငန်း ဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်သန်းနှင့် မတ္တရာမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဦးစီးမှူး ဦးမင်းသန့်နှင့် ဝန်ထမ်းများ ရေနံ့သာငါးလုပ်ငန်းစခန်းများမှ တာဝန်ခံများနှင့် ဝန်ထမ်းများမှ စုပေါင်းစိုက်ထည့် ခဲ့ကြသည်။
ယခုနှစ်တွင် မတ္တရာမြို့နယ်အတွင်းရှိ သဘာဝမြစ်ချောင်းများနှင့် ဆည်တမံများ အတွင်းသို့ ငါးမျိုး ၂၂၅၀၀၀၀ကောင်ရေ စိုက်ထည့်နိုင်ခဲ့ကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)