ဟားခါးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းနှင့် Mask Campaign ဆောင်ရွက်

ဟားခါး  ဩဂုတ်  ၁၇

           ဟားခါးမြို့တွင် ယနေ့ရက်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦစီးစီးဌာနနှင့် ကြက်ခြေနီအသင်းတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်း၊ နှာခေါင်းစည်း   (Mask) နှင့် အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

          ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး အသိပညာပေးခြင်းကို အသံချဲ့စက်ဖြင့် မြို့တွင်း လှည့်လည်၍လည်းကောင်း၊ နှာခေါင်းစည်း ဖြန့်ဝေခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးနှင့် ရာလ်ဒေါန်းဈေးတွင်လည်းကောင်း ဆောင်ရွက် ခဲ့ပြီး အဆိုပါ Mask Campaign သို့ လူမှုဝန်ထမ်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဒေါ်ဥမ္မာဆွေ၊ ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးကျော်အောင်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာနနှင့် ကြက်ခြေနီနီအသင်းတို့မှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြောင်းနှင့် နယ်​မြေခံတပ်ဖွဲ့မှလည်း Mask များလာ​ရောက်​ဝေငှခဲ့ကြောင်း သိရသည်။

           ယနေ့ပြုလုပ်သည့် Mask Campaign တွင်   Mask (၇၀၀) ခုနှင့် အသိပညာပေး လက်ကမ်းစာစောင် (၃၀၀) စောင် ဖြန့်ဝေခဲ့ကြောင်း ဟားခါးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးမှ သိရသည်။