ဖောင်းပြင်မြို့၌ ချင်းတွင်းမြစ်ရေသည် မြို့၏စိုးရိမ်ရေမှတ်မှ ၂၅၃စင်တီမီတာအလိုတွင် ရောက်ရှိ

 

ဖောင်းပြင် ဩဂုတ် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၌ ချင်းတွင်းမြစ်ရေသည် ယခုလအတွင်း စိုးရိမ်ရေ မှတ်အထက်သို့ တစ်ကြိမ်ခန့်ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၊ နေပြည်တော်ရုံး ချုပ်က ထုတ်ပြန်ထားရှိရာ ယနေ့တိုင်းထွာချက်အရ မြို့၏စိုးရိမ်မှတ်အောက် ၁၀၇၂စင်တီမီတာတွင် ရောက်ရှိနေကြောင်း ဖောင်းပြင်မြို့နယ် မိုးလေဝသနှင့်ဇလဗေဒတိုင်း ထွာရေးစခန်း၊ စခန်းမှူးဦးထွန်းတင်ထွေးထံမှ သိရသည်။

ယနေ့တိုင်းထွာချက်အရ မိုးရေချိန်( ၁ ဒသမ ၉၈လက်မ)အထိ ရွာသွန်းခဲ့ပြီး ခန္တီးမြို့၊ ဟုမ္မလင်းမြို့တို့တွင် မိုးဆက် လက်ရွာသွန်းနေတာကြောင့် လက်ရှိရေအမှတ်အထက်မြင့်တက်လာနိုင်ကြောင်း မြို့နယ်ဇလဗေ ဒတိုင်းထွာရေးစခန်းက ခန့်မှန်းထားသည်။