ဘားအံ ဩဂုတ် ၁၇
ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ပညာပေးသင် တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ဘားအံမြို့၊ ပြည်သူ့ဆေးရုံရှိ ကျန်းမားရေးဝန် ထမ်းများ၊ Volunteerများအား ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့်ကြက်ဥများ ပေးအပ် ထောက်ပံ့ကာ ပြည်နယ်အစိုးရအဖွဲ့ရုံး၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် စေတနာရှင် ပြည်သူများမှ လာရောက် လှူဒါန်းသော အလှူငွေများအား လက်ခံခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ဘားအံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ကြီးကြပ်မှုဖြင့် ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် လူမှုဝန်ထမ်းကယ်ဆယ်ရေး အသင်းသားများအား အသက်ရှူလမ်းကြောင်းဆိုင်ရာ ပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် ပြည်နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနပြည်နယ်ဦးစီးမှူး ဒေါက်တာကျော်စွာမြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်မှ သင်တန်းသား/သင်တန်းသူများကို ထောက်ပံ့ ငွေများပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘားအံမြို့၊ ပြည်သူ့ဆေးရုံသို့သွားရောက်၍ တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်းများ၊ Volunteerများအား အားပေးစကားပြော ကြားပြီး ထောက်ပံ့ချီးမြှင့်ငွေနှင့် အာဟာရဖြည့်ကြက်ဥများ ပေးအပ်ခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၁)၌ ပြည်နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် အတွက် စေတနာရှင်အလှူရှင်များဖြစ်သည့် ဦးကျော်ဟိန်း ဇနီးဒေါ်မြတ်မြတ်အေး Hein Global Trading Co;Ltdမှ ငွေကျပ်သိန်း(၁၀၀၀)နှင့် ဦးအောင်သူမိသားစု Myawaddy Building Material (MBM) Company မှ ငွေကျပ်သိန်း(၂၀၀)အား လာရောက်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်မှ လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။