ဒေးဒရဲမြို့၌ ကမ္ဘာ့ဆရာများနေ့အခမ်းအနားနှင့် ဆုပေးပွဲ ကျင်းပ
Oct 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ၂၀၂၄ ခုနှစ် အောက်တိုဘာလ (၅)ရက် ကျရောက်ခဲ့သည့် ကမ္ဘာ့ဆရာများနေ့အခမ်းအနားကို ယမန်နေ့နံနက် (၉)နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။