မိုင်းယန်း အောက်တိုဘာ ၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့၌ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် စာရင်းစစ်၊ စာရင်းကောက်အဖွဲ့ဝင်များမှ ယနေ့နံနက် ၈ နာရီအချိန်က ဈေးတန်းရပ်ကွက်အတွင်း စာရင်းကောက်ယူနေမှု အခြေအနေများကို တာဝန်ရှိသူများမှ လှည့်လည်ကြည့်ရှုသည်။
မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်အတွင်း စာရင်းကောက်ကွက်ပေါင်း(၂၈)ကွက်ကို စာရင်းစစ်၊ စာရင်းကောက် (၂၀)ဦးဖြင့် (၈)ရက်မြောက် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ မိုင်းယန်းခရိုင် သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် သန်းခေါင် စာရင်းကော်မတီအဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များတို့မှ စာရင်းစစ်၊ စာရင်းကောက်များ မြို့ပေါ်ရပ်ကွက်များအတွင်းရှိ စာရင်းကောက်ကွက်များအလိုက် လူဦးရေနှင့်အိမ်အကြောင်းအရာများ၊ အိမ်ထောင်စုအသီးသီးတို့၏ အချက်အလက်များ၊ စာရင်းများအား tablet အသုံးပြု၍ CAPI နည်းပညာဖြင့် တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်တကျမေးမြန်းနေမှုအခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး