သတင်းများ

ငါးသိုင်းချောင်းမြို့တွင် အသက် (၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းလုပ်ငန်း ဆောင်ရွက်
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက် (၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက် ၈ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း ချောင်းဆုံမြို့နယ်၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း (၉)ရက်မြောက်နေ့ ကောက်ယူနေမှုအား ကြည့်ရှုအားပေး
Oct 09,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် ချောင်းဆုံမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့က စတင်ကောက်ယူလျက်ရှိရာ ယနေ့နံနက်ပိုင်းက မုရစ်ကလေးကျေးရွာရှိ သန်းခေါင်စာရင်း ကောက်ကွက်များတွင် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းဆောင်ရွက်နေမှုများအား မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ ကြည့်ရှုအားပေးခဲ့သည်။
ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား စာရင်းစစ် (၃၆) ဦး၊ စာရင်းကောက် (၁၂၅) ဦးတို့ဖြင့် ဆက်လက်ကောက်ယူလျက်ရှိ
Oct 09,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၄ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းများအား မြို့နယ်စာရင်းစစ်၊ စာရင်းကောက်အဖွဲ့များက ယနေ့နံနက်ပိုင်းတွင် မြို့ပေါ် ရပ်ကွက်၊ ကျေးရွာအုပ်စုအသီးသီးအတွင်း ဆက်လက်ကောက်ယူလျက်ရှိကြောင်း သိရသည်။
ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ ရောင်းအားကောင်း
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ သီတင်းကျွတ်မီးပုံးနှင့်ကလေးကစားစရာအရုပ်များ သီတင်းကျွတ်ကာလမတိုင်မီကပင် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကဗျာရွတ်ဆိုပြိုင်ပွဲ ကျင်းပ
Oct 09,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ မူလတန်းဆင့် ကဗျာရွတ်ဆိုပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ပြည်ထောင်စုယ်မြေ၊ နေပြည်တော်၊ မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်း ဖွင့်ပွဲ အခမ်းအနားတက်ရောက်
Oct 09,2024
ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းဆောင်ရွက်သည့် ပြည်ထောင်စုနယ်မြေ နေပြည်တော် မြို့နယ် ၈ မြို့နယ် စဉ်ဆက်ပညာရေးလုပ်ငန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်၊ ဇမ္ဗူသီရိမြိုနယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း သီရိမင်္ဂလာခန်းမ၌ ကျင်းပခဲ့သည်။
မြန်အောင်မြို့နယ်အတွင်း စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ သတ်မှတ်ရည်ညွှန်းစျေးဖြင့် ဖြန့်ဝေရောင်းချ
Oct 09,2024
မြန်အောင်မြို့နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စက်မှုလုပ်ငန်းသုံးဆီထုတ်ယူမည့် လုပ်ငန်းရှင်တစ်ဦးချင်းစီအား ယနေ့နံနက်က စက်မှုလုပ်ငန်းသုံး စားအုန်းဆီများ ဖြန့်ဝေရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ကံမမြို့နယ်၌ ၂၀၂၄-ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေး
Oct 09,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်းကောက်ယူလျက်ရှိရာ ယမန်နေ့ နေ့လယ်က မြို့နယ်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးအုန်းဌေးနှင့် တာဝန်ရှိသူများက သန်းခေါင်စာရင်းကောက်ယူရာ၌ အခက်အခဲမရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှုအားပေးခဲ့သည်။ ကံမမြို့နယ်တွင် ရပ်ကွက် (၄) ရပ်ကွက်၊ ကျေးရွာအုပ်စု (၅၂) အုပ်စု၊ စုစုပေါင်း ရပ်ကွက်ကျေးရွာအုပ်စု (၅၆) အုပ်စုတို့တွင် ကောက်ကွက်ပေါင်း (၂၂၅) ကွက်ရှိရာ ယမန်နေ့ ညနေပိုင်းအထိ စုစုပေါင်းကောက်ကွက် (၁၂၇) ကွက်၌ အိမ်ထောင်စု (၁၀၉၄၃) စုနှင့် လူဦးရေ စုစုပေါင်း (၃၇၁၅၈) ဦး တို့အား စာရင်းကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။