ရွှေဘိုမြို့၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

​ရွှေဘို ​အောက်တိုဘာ ၈

စစ်ကိုင်းတိုင်းဒေသကြီး ​ရွှေဘိုခရိုင်/မြို့နယ် သန်း​ခေါင်စာရင်း​ကော်မတီ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ခရိုင်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့​ကြောင်း သိရသည်။

ရှေးဦးစွာ ခရိုင်သန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက သန်း​ခေါင်စာရင်း​ကောက်ယူ​ရေးလုပ်ငန်းသည် နိုင်ငံတော်အဆင့်စီမံချက်ဖြစ်သည့်အတွက် တာဝန်​ကျ ဌာနဆိုင်ရာဝန်ထမ်းများသည် အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့်ခံယူ၍ အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန်​ပြောကြားခဲ့ပြီး ခရိုင်/မြို့နယ် သန်းခေါင်စာရင်းကောက်ယူရေး ကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်၊ အတွင်း​ရေးမှူးများက ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်​နေ့နံနက်ပိုင်းမှစတင်၍ ယ​​နေ့အချိန်အထိ ပြည်လုံးကျွတ်သန်းခေါင်စာရင်း​ကောက်ယူ​နေမှု အားနည်းချက်၊ အားသာချက်များကိုတင်ပြကြရာ ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ဦးမျိုးဦးက လိုအပ်သည်များကို ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးခဲ့​ကြောင်း သိရသည်။

​ရွှေဘိုမြို့တွင် ​အောက်တိုဘာ ၁ ရက်နံနက်ပိုင်းမှစတင်၍ သန်း​ခေါင်စာရင်များကို စာရင်းစစ် စာရင်း​ကောက် (၆၀) ဦးဖြင့် ကောက်ယူလျက်ရှိရာ ယ​နေ့အချိန်ထိ အိမ်​ထောင်စု(၂၅၄၀)၊ လူဦးရေ (၁၂၃၁၂) ဦး ကောက်ယူပြီးဖြစ်​ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)