တိုက်ကြီးမြို့နယ်၌ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ကွက် (၇၀၈)ကွက်တွင် (၃၂၂)ကွက် ကောက်ယူပြီး

တိုက်ကြီး အောက်တိုဘာ ၈

ရန်ကုန်တိုင်း‌ဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်တွင် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းစာရင်းကောက်ယူခြင်းလုပ်ငန်း ၆ ရက်မြောက်နေ့ ဆက်လက်ကောက်ယူခြင်းကို ယမန်နေ့ နံနက် ၇ နာရီက  သက်ဆိုင်ရာစာရင်းစစ်/စာရင်းကောက်အဖွဲ့များနှင့် နယ်မြေအလိုက် တာဝန်ယူကြီးကြပ်ဆောင်ရွက်သည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနေအိမ်သို့ စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင်ရေးအတွက် ခရိုင်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးသူအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေး၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီဉက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးအောင်ကျော်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်သန်းခေါင်စာရင်းကော်မတီအတွင်းရေးမှူး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဝင်းဆွေနှင့်တာဝန်ရှိသူများက လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် ရပ်ကွက်(၂၀)၊ ကျေးရွာအုပ်စု(၇၅)အုပ်စုရှိပြီး ကောက်ကွက်(၇၀၈)ကွက်တွင် ကောက်ကွက်(၃၂၂)ကွက်အား အောက်တိုဘာလ ၆ ရက် အထိ စာရင်းစစ်/စာရင်းကောက်(၂၉၂)ဦး၊ အဖွဲ့(၅၄)ဖွဲ့က ကောက်ယူပြီးဖြစ်‌ကြောင်းနှင့် ၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းကို အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ၁၅ ရက်ကြာ စာရင်းကောက်သူများက နံနက် ၇ နာရီမှ ညနေ ၆ နာရီအတွင်း ပြည်သူများ၏နေအိမ်များဆီသို့ အိမ်တိုင်ရာရောက် ကောက်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စန်းကလျာခိုင် (ပြန်/ဆက်)