တွံတေးမြို့တွင် နွားနှင့် ဆိတ် မေထုန်မဲ့သားစပ်သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ရက) ဖွင့်လှစ်

တွံတေး အောက်တိုဘာ ၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်ခြင်း သင်တန်းအမှတ်စဥ် (၃/၂၀၂၄/ ရက)ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က တလုတ္ထော်ကျေးရွာရှိ မွေးမြူရေးဇုန် ရှင်းလင်းဆောင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်နွယ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ တိုင်ဒေသကြီးဦးစီးမှူး ဒေါက်တာအောင်မြင့်ဟန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် တက်ရောက်လာသော သင်တန်းသား၊ သင်တန်းသူများ၊ ဌာနဆိုင်ရာအကြီးအကဲများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြကြောင်းသည်။

ဆက်လက်၍ တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာအကြီးအကဲများက နွားနှင့်ဆိတ်မေထုန်မဲ့သားစပ်သင်တန်းတွင် လက်တွေ့သင်ကြားပေးမည့် ပစ္စည်းကိရိယာများကို ကြည့်ရှု့ခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် တွံတေးခရိုင်အတွင်းရှိ မြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ (၂၅) ဦးကို နည်းပြဆရာ၊ ဆရာမများက မေထုန်မဲ့သားစပ်ခြင်းလုပ်ငန်းသမိုင်းနှင့် မေထုန်မဲ့သားစပ်ခြင်း၏ အကျိုးနှင့်အပြစ်၊ နွားနှင့်ဆိတ်အမမျိုးပွားအင်္ဂါခန္ဓဗေဒနှင့် ဇီဝကမ္မဗေဒနှင့် ဟော်မုန်းများ၊ နွားနှင့် ဆိတ်မျိုးများနှင့် တိရိစ္ဆာန်ကိုင်တွယ်ထိန်းချုပ်ခြင်း၊ မြိုင်ပေါ်လက္ခဏာများ၊ မျိုးနွား၊ သိုးမွေးမြူစောင့်ရှောက်ခြင်း၊ နွားမျိုးများနှင့် သားစပ်ခြင်း၊ မျိုးပွားမှုဆိုင်ရာ အာဟာရနှင့် မြိုင်ညှိခြင်း၊ မေထုန်မဲ့သားစပ်ကိရိယာပြင်ဆင်ခြင်းနှင့် မျိုးရေခဲချောင်းထိန်းသိမ်းခြင်း၊ ဌာနမှဆောင်ရွက်နေသော မေထုန်မဲ့သားစပ်ခြင်းဆိုင်ရာလုပ်ငန်းများအကြောင်းတို့ကို နည်းပြဆရာ၊ ဆရာမများက အောက်တိုဘာ (၇) ရက်နေ့မှ (၁၁) ရက်နေ့အထိ စာတွေ့၊ လက်တွေ့များ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

သင်တန်းတန်းဖွင့်ပွဲသို တွံတေးခရိုင်ရှိ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ တွံတေး၊ ဒလ၊ ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင်တိုမြို့နယ်များမှ သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀)ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။    

တွံတေးသား