သထုံမြို့နယ်၊ နောင်ကုလားကျေးရွာ၌ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်း ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုအားပေး

သထုံ အောက်တိုဘာ 

မွန်ပြည်နယ်၊ သထုံမြို့နယ်‌တွင် ၂၀၂၄ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက ဆက်လက်ဆောင်ရွက်လျက်ရှိရာ နောင်ကုလားကျေးရွာ၌ ကောက်ယူနေမှုအား ခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှု အားပေးခဲ့ကြသည်။

သန်းခေါင်စာရင်းကောက်ယူရာတွင် စာရင်းကောက်အဖွဲ့တို့က နောင်ကုလားကျေးရွာအတွင်းရှိ သန်းခေါင်စာရင်းကောက်ကွက်များ၌ အိမ်ထောင်စုအသီးသီးတို့၏ လူဦးရေဆိုင်ရာအချက်အလက်များ၊ အိမ်အကြောင်းအရာများ စနစ်တကျမေးမြန်းကောက်ယူကြရာ သထုံခရိုင်သန်းခေါင်စာရင်းကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့်အဖွဲ့ဝင်များ၊ သန်းခေါင်စာရင်းကြီးကြပ်အဖွဲ့တို့မှ လိုက်လံကြည့်ရှုအားပေးပြီး လိုအပ်သည်တို့ကို ပံ့ပိုးဆောင်ရွက်ပေးခဲ့ကြသည်။

သထုံမြို့နယ်တွင် ရပ်ကွက်/ကျေးရွာအသီးသီးတို့၌ သန်းခေါင်စာရင်းကောက်ကွက်ပေါင်း ၃၃၆ ကွက်ရှိပြီး မြို့နယ်သန်းခေါင်စာရင်းကော်မတီ၏ကြီးကြပ်မှုဖြင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို အောက်တိုဘာလ ၁ ရက်နေ့မှစတင်ကာ စာရင်းစစ်၊ စာရင်းကောက် ၁၄၃ ဦးတို့မှ လိုက်လံဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၆ ရက်နေ့အထိ အိမ်ထောင်စုပေါင်း ၁၂၀၄၉ စု ကောက်ယူပြီးစီးခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်