ပုလောမြို့ အမှတ်(၁)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများအား လှည့်လည်ကြည့်ရှု

ပုလော အောက်တိုဘာလ ၈

နိုင်ငံတစ်ဝန်း၌ လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်းများကို အောက်တိုဘာလ (၁) ရက်နေ့မှစတင်၍ အိမ်တိုင်ရာရောက်ကောက်ယူလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် ပုလောမြို့ အမှတ်(၁) စစ်အုပ်ချုပ်ရေး နယ်မြေမှူး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် တာဝန်ရှိသူများသည် ပုလောမြို့ အမှတ် (၂) ရပ်ကွက်အတွင်း လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။

ပုလောမြို့ အမှတ်(၁)စစ်နယ်မြေမှူးနှင့် တာဝန်ရှိသူများသည် ပုလောမြို့ အမှတ်(၂)ရပ်ကွက်အတွင်း ကောက်ကွက်အလိုက် သန်းခေါင်စာရင်းကောက်ယူနေသည့် နေအိမ်များသို့ အိမ်တိုင်ရာ‌‌ရောက်သွားရောက်ခဲ့ပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် စာရင်းစစ်/ စာရင်းကောက်များမှ သန်းခေါင်စာရင်းတွင် အသုံးပြုသည့်မေးခွန်း (၆၈)ခု၊ အိမ်ထောင်စုမေးခွန်းနှင့် မေးခွန်း (၁၈)ခုပါဝင်သည့် အဖွဲ့အစည်းမေးခွန်းများအား Tablet များ အသုံးပြု၍ ဒေသခံပြည်သူများအား သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှု၍ ပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားခဲ့သည်။

အဆိုပါ လူဦး‌‌ရေနှင့်အိမ်အ‌ကြောင်းအရာ သန်းခေါင်စာရင်းများ ကောက်ယူခြင်းသည် နိုင်ငံတော်၏ လူမှုရေး၊ စီးပွားရေး၊ စီမံခန့်ခွဲရေးကိစ္စရပ်များအတွက် မူဝါဒချမှတ်ခြင်း၊ စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခြေခံထားရမည့် လူဦးရေဆိုင်ရာကိန်းဂဏန်းအချက်အလက်များကို ရရှိစေရန် ရည်ရွယ်၍ ကောက်ယူခြင်းဖြစ်ပြီး သန်းခေါင်စာရင်းကောက်ကွက်များမှ လူဦးရေနှင့်အိမ်အကြောင်းအရာ စာရင်းများ တိကျမှန်ကန်စွာရရှိနိုင်ရေးအတွက် ရပ်ကွက်နှင့် ကျေးရွာများအတွင်း အိမ်ထောင်စုများ၏ လူဦးရေဆိုင်ရာအချက်အလက်များနှင့် အိမ်အကြောင်းအရာ အချက်အလက်များ မေးမြန်း ကောက်ယူခြင်းတို့ကို CAPI နည်းပညာဖြင့် Tablet အသုံးပြုပြီး စာရင်းကောက်ယူဆောင်ရွက်လျက်ရှိပြီး ကော့သောင်းမြို့နယ်အတွင်းတွင် သန်းခေါင်စာရင်းကောက်ယူခြင်းကို ရပ်ကွက် (၅) ရပ်ကွက်၊ ကျေးရွာအုပ်စု (၁) စုရှိ ကောက်ကွက်ပေါင်း (၆) ကွက်တွင် သက်ဆိုင်ရာ စာရင်းစစ်၊ စာရင်းကောက် (၁၀၃) ဦးပါအဖွဲ့များက  စာရင်းကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

 အေးအေးမော်(ပုလော)