ကွန်ဟိန်း စက်တင်ဘာ ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း) နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့၊ (ဝိန်းနန်း) အခြေခံပညာမူလတန်းကျောင်း၌ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက် ၁၁ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက်လက်ထောက်-(၃) ဒေါ်သဲမာက လူငယ်များ မိမိအသိပညာစွမ်းရည်များ တိုးတက်မြင့်မားအောင် စာအုပ် စာပေများကို လေ့လာဖတ်ရှုဖို့လိုအပ်ကြောင်း စာအုပ် စာစောင်တွေဖတ်မှ အသိပညာ ဗဟုသုတတိုးပွားမည်ဖြစ်ကြောင်း၊ အမှား အမှန် ဝေဖန်ပိုင်းခြားနိုင်ပြီး စာအုပ် စာပေတွေကနေ ရရှိလာတဲ့ အသိပညာဗဟုသုတများနဲ့ မိမိရဲ့ဘဝကို တိုးတက်မြင့်မားလာအောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒေါ်မြတ်မွန်ဖြိုးက အားကစားနည်း (၄) မျိုးအကြောင်းနှင့် ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ရန် ကိုယ်လက်လှုပ်ရှား အားကစားလည်းအရေးကြီးကြောင်း အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား ကျောင်းသူများအတွက် ခြင်းလုံးလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)