ဝေါ စက်တင်ဘာ ၁၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ် ရှားမှုအဖြစ်လူငယ်စကားဝိုင်းကို ယနေ့နံနက်ပိုင်း(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(လေးအိမ်စု)၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ အခြေခံပညာအလယ်တန်းကျောင်း(လေးအိမ်စု)မှ ကျောင်းအုပ်ဆရာမကြီးဒေါ်အေးအေးသိန်းက အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လိမ္မာယဥ်ကျေးစွာပြောဆိုဆက်ဆံတတ်စေရန်၊ အသိပညာဗဟုသုတတိုးပွားလာစေရန်၊ အချင်းချင်းအပြန်အလှန်ဆွေးနွေးတတ်စေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန်နှင့် စာအုပ်စာပေများကို ပိုမိုဖတ်ရှုလေ့လာနိုင်ကြစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းများကိုဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကိုကျင်းပရာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးဦးစိုးမိုးအောင်က ပေါင်းဆက်ညှိနှိုင်းပေးသူအဖြစ်ဆောင်ရွက်ပေးပြီး၊ အ.လ.က(လေးအိမ်စု)ကျောင်းမှ Grade(6)ကျောင်းသူမောင်သီရိပြည့်စုံ၊ Grade(7)ကျောင်းသားမောင်စွမ်းထက်နိုင်၊ Grade(8) ကျောင်းသူမယဥ်သကိုမေ၊ Grade(6)ကျောင်းသားမောင်ရှိုင်းခေတ်ဇော်၊ Grade(7)ကျောင်းသူမချွန်းလဲ့ဝေ၊ Grade(8)ကျောင်းသူမခွန်းဆင့်နွယ်၊ Grade(8) ကျောင်းသူမမီမီထွန်း တို့က မိမိစွမ်းဆောင်ရည်ကိုမြင့်တင်ပါ ခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေး ခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကသိလိုသည်များကို အပြန်အလှန်မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ပါဝင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးနံရံကပ်၊ ခင်း ကျင်းပြသထားသည့် သိမှတ်ဖွယ်ရာဗဟုသုတစာအုပ်၊ စာစောင်များနှင့် လူငယ်ရေးရာအသိပညာပေးနံရံကပ်စာစောင်များကို တက်ရောက်လာကြသူတို့က စိတ် ပါဝင်စားစွာ လေ့လာကြည့်ရှုမှတ်သားကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)