သတင်းများ

ဒေးဒရဲမြို့ စည်ပင်သာယာမြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲဆောင်ရွက်
Dec 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာနက စည်ပင်သာယာ မြို့မစျေး မီးဘေးအန္တရာယ် ​ကြိုတင်ကာကွယ်ရေးနှင့်  မီးဘေးလုံခြုံစေရေးတို့အတွက် မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို ယမန်နေ့  ညနေ ၃ နာရီက မြို့မစျေးရှိ စျေးဆိုင်များ၊ စျေးရုံတန်းများ အနီးတွင် ဆောင်ရွက်ခဲ့သည်။
ကော်ဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်
Dec 04,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်တွင် ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သည့် ကောဖီအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့ နံနက် ၁၁ နာရီက အင်းကုန်းကျေးရွာ ချယ်ရီရတနာခန်းမ၌ကျင်းပခဲ့သည်။
မိတ္ထီလာမြို့နယ်တွင် စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာပေဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲ အခမ်းအနားကျင်းပ
Dec 04,2021
မိတ္ထီလာမြို့နယ်စာရေးဆရာအသင်းမှ စာဆိုတော်နေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် စာပေဆုရ စာရေးဆရာများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရှိ လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ကော့သောင်းမြို့တွင် ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ် စတုဒီသာကျွေးမွေး
Dec 04,2021
ကော့သောင်းမြို့တွင် ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း စတုဒီသာမဏ္ဍပ်တွင် ယနေ့ နံနက်ပိုင်းက လမ်းသွားလမ်းလာများအား ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စတုဒီသာ ထားဝယ် ရိုးရာ မုံ့ဟင်းခါး လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများ
Dec 04,2021
ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသူ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်။
တံတားဦးမြို့နယ်တွင်  ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း(၁/၂၀၂၁)ဖွင့်လှစ်
Dec 04,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ထိခိုက်ဒဏ်ရာရှေးဦးပြုစုခြင်း ဆင့်ပွားသင်တန်း (၁/၂၀၂၁) ဖွင့်ပွဲကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပကြောင်းသိရသည်။
ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်
Dec 04,2021
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီက ခြောက်ရွာ ကျေးရွာအုပ်စု ခြောက်ရွာကျေးရွာ ထန်းတောဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေး
Dec 04,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လှည်းကြီးကျေးရွာတွင် ဒေသခံကျေးလက်နေပြည်သူများ တစ်ပိုင်တစ်နိုင် မိသားစုဝင်ငွေတိုး လုပ်ငန်းများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ၊ စားနပ်ရိက္ခာ ဖူလုံစေရန်နှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရန် ၊ ကျေးလက်လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရန် ပထမအကြိမ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ ထုတ်ချေးပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကွင်းဆင်းထုတ်ချေးပေးခဲ့ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံမှ သိရသည်။