ကော့သောင်း ဒီဇင်ဘာလ ၄
ကော့သောင်းမြို့တွင် ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ်အဖြစ် ရွှေဇင်ယော်ရပ်ကွက်၊ မြရည်ပုလဲလမ်း စတုဒီသာမဏ္ဍပ်တွင် ယနေ့ နံနက်ပိုင်းက လမ်းသွားလမ်းလာများအား ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စတုဒီသာ ထားဝယ် ရိုးရာ မုံ့ဟင်းခါး လှူဒါန်းကျွေးမွေးခဲ့ကြောင်း သိရသည်။
နှစ်စဉ် နတ်တော်လဆန်း(၁)ရက်နေ့အား ထားဝယ်အမျိုးသားများနေ့အဖြစ် သတ်မှတ်ထားရာ ယခင်နှစ်များက သံဃာတော် များအား ဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ ထားဝယ်ရိုးရာ ယာဉ်ကျေးမှုအကများဖြင့် အခမ်းအနားအသွင် ကျင်းပပြုလုပ်ခဲ့သော်လည်း ယခုကာလသည် ကိုဗစ်−၁၉ရောဂါ ထိန်းချုပ်ဆဲကာလအတွင်းဖြစ်ရာ အစဉ်အလာမပျက် အထိမ်းမှတ်အဖြစ် ထားဝယ်လူမျိုး ဖော်ဆောင်ရေးအဖွဲ့ (ကော့ သောင်း)တာဝန်ခံ ဦးအောင်လင်း၏ နေအိမ်ရှေ့ စတုဒီသာမဏ္ဍပ်တွင် ထားဝယ်ရိုးရာ မုံ့ဟင်းခါးအား လူမျိုးဘာသာမရွေး ကျွေးမွေးလှူဒါန်းခြင်း ဖြစ်ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)