သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်းစကားသံများ

သုံးခွ ဒီဇင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံရပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန် လာသူ၏ ရင်တွင်းစကားသံများကိုလည်း ယခုလိုကြားသိခဲ့ရပါတယ်။

မောင်ဌေးနိုင်(လသာကုန်းကျေးရွာ)

ကျွန်တော့နာမည်ကတော့ မောင်ဌေးနိုင်ဖြစ်ပါတယ်။ လသာကုန်းကျေးရွာမှာနေပါတယ်။ ကျွန်တော်က ကိုဗစ်-၁၉ရောဂါကို တတိယလှိုင်းမှာဖြစ်ပွားခဲ့ပါတယ်။ ကူးစက်မှုမခံရမီက ကျွန်တော်ဖျားတယ်။ ချောင်းတော့မဆိုးဗျလူကောင်းအတိုင်းပဲ။ fbcebook မှာ လိုင်းသုံးရင် မြင်တွေ့နေကျဆိုတော့ ကျန်းမာရေးဗဟုသုတ page တွေမှာ ဖျားရင်သတိထားရမဲ့ အကြောင်း သိထားတော့ ဖျားရင် ကိုယ့်ကိုယ်ကိုယ် စိတ်မလုံသလိုခံစားရတယ်။ ၃ ရက်လောက် အဲ့လိုတွေဖြစ်ပြီးတော့ ၄ ရက်မြောက်နေ့မှာပဲ အနံမပျောက်ဘူး။ မသင်္ကာလို့ ဆေးရုံကို သွားပြီးကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးလိုက်တော့ ကိုဗစ်-၁၉ရောဂါ ပိုးတွေ့ခဲ့ပါတယ်။

ရောဂါပိုးစတွေ့တဲ့အချိန်မှာ ကိုဗစ်ကု သရေးစင်တာမှာဆေးကုသမှု ခံယူပါတယ်၊ ကိုဗစ်ကုသရေးစင်တာကို ငါးရက်မြောက် ရောက်တဲ့ နေ့ထိအနံ့မပျောက်သေးဘူး ခုနှစ်ရက်မြောက်နေ့ ရောက်တော့ကျွန်တော်အနံ့ အရသာပျောက်သွားတယ်၊ စိတ်ဓာတ်တော့ ကျသွားတာပေါ့ ဒါပေမယ့် ကိုယ်ကိုယ်တိုင်က ကိုဗစ်-၁၉ရောဂါ ပျောက်ကင်းချင်တဲ့အတွက် စိတ်ဓာတ်သာ အဓိက အားရှိတာ စားရမယ်၊ အချိန်မှန်မှန်အိပ်ရမယ်ဆိုပြီး နေထိုင်ရတာပေါ့ ဒုတိယလှိုင်းမှာဖြစ်ဖူးသူတွေ ပြောစကား ကြားသိမိထားတော့ အစားကိုဝင်အောင် သေချာစားတယ်၊ ပြီးတော့ ကျန်းမာရေး လမ်းညွှန်ချက်တွေနဲ့နေထိုင်တယ် မနက်တစ်ကြိမ်ညနေ တစ်ကြိမ် Pressure တိုင်း အဖျားတိုင်းတယ်၊ အောက်စီဂျင်တော့ ကျမသွားပါဘူး၊ ကျန်းမာရေးက ညွှန်ကြားထားတဲ့ ဆေးတွေ စနစ်တကျ သောက်ပါတယ်၊ ပြီးတော့ အချိန်မှန်လည်းအိပ်ပါတယ်၊ အသက်ရှု လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တယ်၊ စာဖတ်တယ်၊ တရားထိုင်တယ်၊ ငါအသက်ရှင်ရမယ်၊ ကျော်လွှားနိုင်ရမယ်ဆိုပြီး စိတ်ကိုအားတင်းပြီးနေလာခဲ့ပါတယ်။ အဓိကစိတ်နဲ့လည်း အများကြီး သက်ဆိုင်ပါတယ်။

ဒီလိုနဲ့ ၂၁ ရက်ကြာ ကိုဗစ်စင်တာမှာနေထိုင်ပြီး မိမိမွေးရပ်မြေကို ပြန်လာခဲ့ပါတယ် မိဘပြည်သူများကို ကိုဗစ်-၁၉ရောဂါပိုး မဖြစ်ပွားဖို့ မှာချင်တာက အချိန်မှန်မှန် အိပ်ပါတယ်၊ အားရှိတဲ့ အစားအစာများကို အချိန်မှန်မှန်စားပါ၊ ကိုဗစ်-၁၉ရောဂါသံသယ လက္ခဏာပေါ်ပါက မိမိအိမ်တွင် သက်ဆိုင်ရာ ကျန်းမာရေး ဌာနတွေနဲ့ ချိတ်ဆက်ပြီး ဆေးကုသမှုခံယူကြပါ။ ဆေးထိုးရန် ကျန်တဲ့သူများကိုလည်း ကိုဗစ်ကာ ကွယ်ဆေး နှစ်ကြိမ် ပြည့်မီအောင်း ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။

မြို့နယ်(ပြန်/ဆက်)