သတင်းများ

ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင် ဘာသာဖြင့် အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်
Dec 03,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၉)နာရီအချိန်က မြို့‌ပေါ်ရပ်ကွက် များသို့ သွားရောက်၍‌ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မိုင်းရှူးမြို့နယ်အတွင်း (၃.၅.၂၀၂၁) ရက်နေ့မှ (၃၀.၁.၂၀၂၁) ရက်နေ့ထိ "ပန်းခင်း"စီမံ ချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း(၁၀၂၀)ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြား(၂၈၅၄)ခု စိစစ်ထုတ်ပေး ပြီးဖြစ်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်အတွင်း (ပန်းခင်း)စီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊နိုင်ငံသား စိစစ်ရေး ကတ်ပြားများ နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိသည်။
ပခုက္ကူမြို့နယ် Myanmar Efforts အထည်ချုပ်စက်ရုံကုမ္ပဏီမှ အာမခံအလုပ်သမားများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ထိုးနှံပေး
Dec 03,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ပန်းတိုင်းခြုံကျေးရွာရှိ Myanmar Efforts အထည်ချုပ် စက်ရုံကုမ္ပဏီမှ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အာမခံ အလုပ်သမားများအား လူမှုဖူလုံရေးအစီအစဉ်ဖြင့် ဒီဇင်ဘာလ ၂ ရက် နံနက် ၈ နာရီခွဲအချိန်က ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာမြို့မဈေးကြီးအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲ ဆောင်ရွက်
Dec 03,2021
မိတ္ထီလာမြို့မဈေးကြီး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးရည်ရွယ်ချက်ဖြင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့ သရုပ်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါ​ မြို့မဈေးကြီးရှိ ဈေးဆိုင်များ၊ ဈေးရုံတန်းများ အနီးတွင် ဆောင်ရွက်ကြောင်း သိရသည်။
မဘိမ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေး နှိုးဆော်ခြင်းများကို  စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန်ရည်ရွယ်၍ အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီ အချိန် က မြို့ပေါ်ရပ်ကွက်များအတွင်းသို့ သွားရောက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဝန်ထမ်းများက စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ 
ပင်လောင်းမြို့နယ်တွင် မသန်စွမ်းသူများ နှင့်ပတ်သက်သည့်  အခွင့်အရေးများ ဆိုင်ရာ အသိပညာပေး Talk Show ဆောင်ရွက်
Dec 03,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ပင်လောင်းမြို့နယ် ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနတို့ပူးပေါင်း၍ ဒီဇင် ဘာလ ၃ ရက်နေ့၊ ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ကို ဂုဏ်ပြုသောအားဖြင့်  မသန်စွမ်းသူများနှင့်ပတ်သက်သည့် အခွင့်အရေးများဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပျော်ဘွယ်မြို့နယ်တွင် အငြိမ်းစားဝန်ထမ်းများ နာရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 03,2021
ပျော်ဘွယ်မြို့နယ်အတွင်း ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားယူခဲ့သည့် ဝန်ထမ်းများစုပေါင်း၍ ဖွဲ့စည်း ခဲ့သော အငြိမ်းစားဝန်ထမ်းများ နာ‌ရေးကူညီမှုအသင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပခြင်းကို ယနေ့ နံနက် (၁၀) နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်သည်။
ကျိုက်လတ်မြို့နယ် Community Centre ခန်းမတွင် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲပြသ
Dec 03,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး၊ Community Centre ခန်းမတွင် ယနေ့တွင် ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ အထိမ်းအမှတ် နံရံကပ်စာစောင် ဓာတ်ပုံပြပွဲနှင့် စာအုပ်ပြပွဲ ပြသခြင်းကို ယနေ့နံနက် ၁၁ နာရီက ပြသခဲ့ကြောင်း သိရသည်။