အင်္ဂပူ ဒီဇင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် အင်္ဂပူမြို့နယ်တွင် လူဝင်မှုကြီး ကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးဝန်ထမ်းများသည် ယနေ့ နံနက် ၉ နာရီက ခြောက်ရွာ ကျေးရွာအုပ်စု ခြောက်ရွာကျေးရွာ ထန်းတောဘုန်းကြီးကျောင်းဓမ္မာရုံ၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံ သားစိစစ်ရေးကတ်များဆောင်ရွက်ရာသို့ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့်အဖွဲ့ဝင်များ ကြည့်ရှုအားပေးခဲ့သည်။
ပန်းခင်းစီမံချက်ဖြင့် ခြောက်ရွာကျေး ရွာအုပ်စုအတွင်းရှိပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ် (၄၅)ဦး၊ အိမ်ထောင်စုစာရင်း(၇၈)စောင်တို့ကိုလူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်နိုင် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအုပ်စုအရောက် ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့် အညီ အသက်(၁၆) နှစ်အထက်နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသူများအားသူများ နိုင်ငံသားစိစစ် ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ လဲလှယ်/မိတ္တူ ဆောင်ရွက်ပေးခြင်း၊ အိမ်ထောင်စုစာရင်း မသွင်းရသေးသူများအားစာရင်း သွင်းပေးခြင်း၊ အိမ် ထောင်စုစာရင်းမရှိသော မိသားစုများအား အိမ်ထောင်စုစာရင်း ပြုလုပ်ပေးခြင်းနှင့် ပျောက်ဆုံးပျက်စီးသူများအား မိတ္တူထုတ်တို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။
မန်းကျော် (အင်္ဂပူပြန်/ဆက်)