သတင်းများ

မိုးနဲမြို့နယ်အတွင်း၌ မိုးသီးနှံအ‌စေ့ထုတ်ပဲပုတ်စိုက်ခင်းများ စတင်ရိတ်သိမ်း
Dec 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ရှမ်းတိုင်းရင်းသားအများစုသည် ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြပြီး ယနေ့တွင်လည်း ရှမ်းလူမျိုး အများဆုံး ကြိုက်နှစ်သက်သည့် အစားအစာ တစ်မျိုးဖြစ်သော ပဲပုတ်ချပ်များ ထုတ်လုပ်ရာတွင် အသုံးပြုသည့် အဓိကပါဝင်ပစ္စည်းဖြစ်‌သော အစေ့ထုတ်ပဲပုတ်စေ့များ ဦးစိုင်းမွန်း ယာခင်းတွင် စတင်ရိတ်သိမ်းနေပြီ ဖြစ်ကြောင်းသိရသည်။
ကွမ်းလုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ရုံးပိတ်ရက်မရှိဆောင်ရွက်ပေးလျက်ရှိ
Dec 05,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကွမ်းလုံမြို့နယ်၌ ယနေ့နံနက်(၁၀)နာရီအချိန်က မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် မြို့နယ်လဝကဦးစီးမှူး ဦးစောသန်းမြင့် ၊ ဒုလဝကမှူး ဦးကျော်စွာတင့်နှင့် ဝန်ထမ်းများက ကွမ်းလုံမြို့နယ် ကာမိန်းကျေးရွာအုပ်စုနှင့် ဖာပိန်ကျေးရွာအုပ်စုများရှိ မြောင်ဇီးတိုင်းရင်းသားများအား ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရပ်စောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် Onlineမှတစ်ဆင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေး
Dec 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်၊ ရပ်စောက်မြို့နယ်ပြည်သူ့စာကြည့်တိုက်မှ စာပေ ဝါသနာရှင်ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကလေးငယ်များအတွက် အသိပညာ ဗဟုသုတတိုးပွားစေရန် Onlineမှတစ်ဆင့် အသိပညာပေးအစီအစဉ်များရိုက်ကူး၍ မြို့နယ် ပြည်သူ့စာကြည်တိုက် Facebook Page တွင် လွှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကာမိုင်းမြို့ သျှမ်းနီတိုင်းရင်းသားများ၏ နှစ်သစ်ကူးပွဲတော်နှင့် ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲ ကျင်းပ
Dec 05,2021
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ သျှမ်းနီစာပေနှင့် ရိုးရာယဉ်ကျေးမှုမှ ဦးဆောင် ၍ သျှမ်းနှစ်(၂၁၁၅)ခုနှစ်မှ(၂၁၁၆) ခုနှစ်သို့ကူးပြောင်းမည့် နတ်တော်လဆန်း(၁) ရက်နေ့တွင် ကျရောက်သော သျှမ်းနီရိုးရာနှစ်သစ်ကူးပွဲနှင့်ကောက်ဦးဆွမ်းကပ် လှူဒါန်းပွဲအား ဒီဇင်ဘာလ (၄)ရက် နံနက် (၉)နာရီ၌ မအူပင်စုရပ်ကွက်ရှိ သျှမ်းနီဘုန်းတော်ကြီးကျောင်းနှင့် မြစိမ်းရောင် ရပ်ကွက်တို့တွင် ပထမအကြိမ်မြောက်ကျင်းပခဲ့ကြောင်း သိရသည်။
မော်လမြိုင်မြို့ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူစိတ်အေးချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက် 
Dec 05,2021
မော်လမြိုင်မြို့ ကျက်သရေဆောင် ကျိုက်သလ္လံစေတီတော်မြတ်ကြီး အများပြည်သူ စိတ်အေး ချမ်းသာစွာ ကုသိုလ်ယူနိုင်ရေး    ဘက်စုံမွမ်းမံပြုပြင်ဆောင်ရွက်လျက်ရှိရာ   ယမန်နေ့နံနက် ၈ နာရီက  မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည်   အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ  မော်လမြိုင်မြို့ ကျက်သရေဆောင် သွားတော်ဓါတ်နှင့် ဆံတော်ရှင် ကျိုက်သလ္လံ စေတီတော်မြတ်ကြီးသို့ သွားရောက်ပြီး တစ်ပေပတ်လည် စကျင်ကျောက်ပြားများ ရင်ပြင်တော် အပြည့် ခင်းကျင်းနိုင်ရေးအတွက် လုပ်အားဒါနပြု ကုသိုလ်ယူကာ ပြည်ထဲရေးဝန်ကြီးဌာနအောက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကျဉ်းဦးစီးဌာန၊ မီးသတ်ဦးစီးဌာနမှ    ဝန်ထမ်းများနှင့်  စေတနာရှင် လုပ်သားပြည်သူများမှ စကျင်ကျောက်ပြားများအား ရင်ပြည်တော် ပေါ်သို့ တင်ဆောင်ကုသိုလ်ပြုလုပ်အားပေးနေမှုကို  ကြည့်ရှုအားပေးပြီး  စေတီတော်မြတ်ကြီးအား  ဖူးမြော်ကြည်ညိုကန်တော့သည်၊၊
နမ့်စန်တွင် နေမင်းရောင် Toll Gate ဖွင့်ပွဲကျင်းပ
Dec 05,2021
ရှမ်းပြည်နယ်တောင်ပိုင်း ၊ လွိုင်လင်ခရိုင် ၊နမ့်စန်မြို့နယ်တွင် နေမင်းရောင် ဆောက်လုပ်ရေး ကုမ္ပဏီမှ BOT စနစ်ဖြင့် တာဝန်ယူတည်ဆောက်သည့် မြို့ဝင် Toll Gate ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ဝမ်ပုံကျေးရွာအုပ်စု ၊ တောင်ကြီး-နမ့်စန် ပြည်ထောင်စုလမ်းမပေါ်ရှိ အဆိုပါ Toll Gate နေရာတွင် ကျင်းပခဲ့ရာ လွိုင်လင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ခရိုင် ဌာနဆိုင်ရာအကြီးအကဲများ ၊ နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးကြီး ဇော်မျိုး ၊ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မိုး နှင့် အဖွဲ့ဝင်များ ၊ ဌာနဆိုင်ရာ အကြီးအကဲများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြသည်။
၂၀၂၁ခုနှစ် ဒီဇင်ဘာလူထု စုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကျင်းပ
Dec 05,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့တွင် ၂၀၂၁ခုနှစ် ဒီဇင်ဘာလူထု လမ်းလျှောက်ပွဲနှင့် အားကစား ပြိုင်ပွဲကို ယမန်နေ့နံနက်(၆)နာရီက ပြည်နယ်အားကစားကွင်းဝင်း၌ ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ ကျင်းပသည်။
သာယာဝတီမြို့တွင် စည်ပင်သာယာဈေးမြို့မစျေးကြီးအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်
Dec 04,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင်  စည်ပင်သာယာမြို့မဈေးကြီး အတွင်း မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေးအတွက် သရုပ်ပြဇာတ်တိုက်လေ့ကျင့်မှုအား ယနေ့ နေ့လယ် ၁ နာရီက သာယာဝတီမြို့နယ်မြို့မစည်ပင် သာယာဈေးနှင့်သုံးဆယ်မြို့မစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။