စဉ့်ကိုင်မြို့နယ်တွင် ဓမ္မာစရိယနှင့်ပါဠိပထမပြန် စာမေးပွဲကျင်းပ
Jun 08,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်တိုက်ကျောင်း ရွှေကံကူဓမ္မာရုံ၊ သဇင် ညွှန့် ဓမ္မာရုံနှင့် အာဟာရသုခဆွမ်းစားကျောင်းတို့တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ ကြီးကြပ်မှုဖြင့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲအား ယနေ့မွန်းလွှဲ (၁၂) နာရီက ကျင်းပလျက်ရှိကြောင်းသိရသည်။