နတ်မောက် ဒီဇင်ဘာ ၅
မကွေးတိုင်းဒေသကြီးနတ်မောက်မြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ လျော့နည်းကျဆင်းမှုရှိသော်လည်း လျှင်မြန် ထိရောက်စွာ ဟန့်တားနိုင်ရေးနှင့် ဆက်လက်ပြန့်ပွားမှု မရှိစေရေးနှာခေါင်းစည်း Mask Campaign ကို ယနေ့နံနက် ၈နာရီခွဲအချိန်ခန့်က လူစည်ကားသည့်မြို့မစည်ပင်သာယာရေးအဖွဲ့ ယာယီစျေးတွင် ဆောင်ရွက် ခဲ့ကြသည်။
အဆိုပါနှာခေါင်းစည်း Mask ကမ်ပိန်းကိုမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၏ ကြီးကြပ်ဦးဆောင်မှုဖြင့်မြို့ပေါ်ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများကပြင်ပသို့ သွားလာနေကြသော ပြည်သူများနှင့်မော် တော်ယာဉ်များ အပေါ်တွင် လိုက်ပါသွားလာသူများ၊ နေအိမ်ပြင်ပသို့သွားလာပါကနှာခေါင်းစည်း Mask များကိုစနစ် တကျတပ်ဆင်ပြီးမှ သွားလာ ကြရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ ဟောင်းနွမ်းနေသော Mask များကိုမတပ်ဆင်ကြရန်၊ ဈေးရောင်းဈေးဝယ်သူများအနေဖြင့် စနစ်တကျ Mask တပ်ဆင်ကြရန် စသည့် ကိုဗစ်- ၁၉ ရောဂါ ဆိုင်ရာ အသိပညာပေး အကြောင်းအရာများကိုပြောကြားပြီးနှာခေါင်းစည်း Mask များ စစ်ဆေးခြင်း၊ နှာခေါင်းစည်း Mask မတပ်လာသူများအားနှာခေါင်းစည်း Mask တပ်၍နေအိမ်ပြင်ပထွက်ခွာရန် အသိပညာပေးပြော ကြား၍ နှာခေါင်းစည်း Mask များအခမဲ့တပ်ဆင်ပေးခြင်းနှင့် မကွေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ကထုတ်ဝေထားသည့် ဖန်ခါးမြေ လက်ကမ်းစာစောင်များ ကိုလည်းဖြန့်ဝေ ပေးခဲ့ကြောင်းသိရသည်။
လှဝင်း