ဘောဂလိ ဒီဇင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင် ဘောဂလိမြို့တွင် ဒေသထွက် သီးနှံတစ်ခုဖြစ်သော ကွမ်းသီးများ ပေါ်ချိန်သို့ရောက်ရှိလာ၍ ဒေသခံများ စတင်ခူးယူပြီး ဈေးကွက်သို့ ရောင်းချနေပြီ ဖြစ်သည်။
ကွမ်းသီးများသည် ဘောဂလိမြို့၏ အဓိကဒေသထွက် သီးနှံတစ်ခုဖြစ်ပြီး ကွမ်းသီးအစိုနှင့် ကွမ်းသီးအခြောက် ဟူ၍ နှစ်မျိုးရောင်းချကြသည်။ ဘောဂလိမြို့တွင် အများအားဖြင့် ကွမ်းသီး အစို ရောင်းချခြင်း အနည်းငယ်သာရှိ၍ ကွမ်းသီးအခြောက်အား ဈေးကွက်တွင် ပြောင်ကြီးနှင့် ပြောင်နီဟူ၍ တွင်ကျယ်စွာ ရောင်းချကြောင်း သိရှိရသည်။ ကွမ်းသီးအစိုတစ်ပိဿာလျှင် ကျပ်သုံးထောင် ခန့်သာရှိပြီး၊ အခွံပြီးသားကွမ်းသီးအစိုတစ်ပိဿာကို ကျပ်လေးထောင်ခန့်ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ကွမ်းသီးရောင်းသောကုန်သည်များထံမှ သိရသည်။ ပြောင်ကြီး အခြောက် တစ်ပိဿာ လျှင်ကျပ်တစ်သောင်း၊ ပြောင်နီတစ်ပိဿာလျှင် ကျပ်တစ်သောင်း နှစ်ထောင်ခန့် ရှိကြောင်း ဘောဂလိဒေသတွင် ကွမ်သီးခြံ စိုက်ဧက (၂၁၇၆) ဧက ရှိကြောင်း သိရသည်။
ဘောဂလိ(ပြန်/ဆက်)