ဇီးကုန်း ဒီဇင်ဘာ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ ဇီးကုန်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး အသိပညာပေးခြင်းနှင့် mask campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၈ နာရီက ရန်ကုန်-ပြည် ကားလမ်း မီးပွိုင့်လမ်းဆုံ၌ ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ကိုဗစ် -၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများက မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် Covid-19 ရောဂါကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့သွားလာရာတွင် ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို မဖြစ်မနေ စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦးခပ်ခွာခွာနေထိုင်ရန်နှင့် ဟောင်းနွမ်း maskကိုမတပ်ဆင်ကြရန်တို့ကို အသိပညာပေးပြောကြားပြီး၊ ပါးစပ်နှင့်နှာခေါင်းစည်း( mask ) မပါသူများကိုယခုဝယ် ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇီးကုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့မှု လျော့ကျသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကိုဆက်လက်လိုက်နာ ဆောင်ရွက်သွားရန် လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှသိရသည်။
တင့်ဆွေ