မက်မန်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်

မက်မန်း ဒီဇင်ဘာ ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၁၉-၂၀၂၀ဘဏ္ဍာရေးနှစ်တွင် အကောင်အထည် ဖော်ဆောင်ရွက်သည့် မြစိမ်းရောင်စီမံကိန်းလုပ်ငန်းတိုးတက်မှု အခြေအနေများနှင့် ပတ်သက်၍ ကွင်းဆင်းဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၄ ရက်နေ့က ဝမ်စလောင်းကျေးရွာအုပ်စုတွင် ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ မြစိမ်းရောင်စီမံကိန်းလုပ်ငန်းတိုးတက်မှု အခြေအနေများကို ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ ဦးမိုင်းညီဇော်လှအောင်က ကွင်းဆင်းစစ်ဆေးပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဌ ဦးထွန်းလင်းအောင်မှ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီးဖွံ့ဖြိုးရေး လုပ်ငန်းလိုအပ်ချက်များအား ဒေသခံပြည်သူများက တင်ပြကြပြီး ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက် သွားမည့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းလင်းအောင်ကရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။

သန်းမြတ်စိုး