ကျောက်ပန်းတောင်း ဒီဇင်ဘာ ၅
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ဦးစီးမှူး ရုံးမှ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်းများကို ကျေးရွာများအရောက်အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးလျှက်ရှိရာ၊ ဒီဇင်ဘာ(၅)ရက်နေ့ နံနက်(၉)နာရီက တငါ့ကန်ကျေးရွာအုပ်စု၊ တခါးကြီးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာသို့ ကျောက်ပန်းတောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်ဦး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ညောင်ဦး ခရိုင် ဦးစီးမှူး ဦးဝင်းထွဋ်အောင် တို့လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး၊ မြို့နယ်ဦးစီးမှူး ဦငွေမိုးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းပြသသည်။ ယင်းနောက် မြို့နယ်ဥက္ကဌ၊ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးတို့က နိုင်ငံသားစိစစ် ရေးကတ်ပြား လာရောက်ဆောင်ရွက်သူများကို ပန်းခင်းစီမံချက် အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး၊ ခရိုင် ဦးစီးမှူးက နိုင်ငံသားတစ်ယောက်အတွက် တရားဝင်နိုင်ငံသားအခွင့်အရေးရရှိရန် နိုင်ငံသားစိစစ်ရေးကတ်၏ အရေးပါမှုများ ကို ရှင်းလင်းပြောကြားသည်။
အဆိုပါ တခါးကြီးကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် အသက်(၁၆)နှစ်မှ(၁၈)နှစ်ကြား နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်သူ(၃၂)ဦး၊ အသက်(၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်သူ(၈၀)ဦး စုစုပေါင်း (၁၁၂)ဦးတို့ကို နိုင်ငံ သားစိစစ်ရေးကတ်များ နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေအောင်