မက်မန်း ဒီဇင်ဘာလ ၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်မည့်တိုင်းရင်းသားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို မက်မန်းမြို့နယ် တာကော်လေးကျေးရွာအုပ်စုတွင် ယနေ့ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပန်းခင်းစီမချက်ဖြင့်အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်မည့် တိုင်းရင်းသားပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးမင်းထွန်း၊မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ထောက်မြို့နယ်ဦးစီးမှူး ဦးကျော်လင်းဦးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်မည့် ကျေးရွာများသို့ သွားရောက်ကွင်းဆင်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သန်းမြတ်စိုး(IPRD)