ပေါ်ဆန်းကြီးစပါး မျိုးသန့်မျိုးစေ့ထုတ်စိုက်ခင်း မျိုးကွဲနှုတ်ပယ်ခြင်းနှင့် နွေစပါးစိုက် တောင်သူ များအား ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ပေးအပ်

ကျောင်းကုန်း   ဒီဇင်ဘာ   

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ သဲကုန်အုပ်စု၊ သဲကုန်ကျေးရွာ ကွင်း အမှတ် ၄၂၅(အေ)တောင်သူ ဦးထွန်းသွင်၏ ရေကျနောက်စိုက် ပေါ်ဆန်းကြီးစပါး(၁၀)ဧက စိုက် ကွင်း၌ နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာ ထောက်ပံ့ခြင်းနှင့် မျိုးသန့် စိုက်ခင်း မျိုးကွဲများနှုတ်ပယ်ခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၈ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ သည်။

အဆိုပါ ကွင်းသရုပ်ပြပွဲသို့ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်း ဒေသကြီးအစိုးရအဖွဲ့ဝင် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးမှူး ဦးစိန်မောင် မြင့်၊ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် နွေစပါးစိုက်ပျိုးသော တောင်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိုကဲ့သို့ ဓာတ်မြေဩဇာများ ဈေးနှုန်းချိုသာစွာဖြင့် ထောက်ပံ့‌ပေးခြင်းဖြင့် တောင်သူများ၏ ရေကျ နောက်စိုက် ဧရိယာများတွင် ပေါ်ဆန်းကြီးစပါးများ တိုးချဲ့စိုက်ပျိုးလာစေခြင်းဖြင့် အရည်အသွေး ကောင်း စပါးစိုက်ဧကများ တိုးလာမည်ဖြစ်ပြီး၊ ပေါ်ဆန်းကြီးစပါးမျိုး၏ အပင်သက်တမ်းအား လျော့ ချ နိုင်ခြင်းကြောင့် တောင်သူများ တစ်ရာသီတွင် (၂)သီးစိုက်ပျိုး၍ ဝင်ငွေတိုးတက်လာမည် ဖြစ် ကြောင်း စိုက်ပျိုးရေးဦးစီးဌာနက သိရှိရသည်။

ဝင်းကြိုင်