ထားဝယ် ဒီဇင်ဘာ ၅
တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့က ဘုန်းတော်ကြီးကျောင်းနှင့် ပရိယတ္တိစာသင်တိုက်များတွင် လိုအပ်လျက်ရှိသော လှူဖွယ်ပစ္စည်းများကို ထောက်ပံ့ပေးအပ်လှူဒါန်းလျက်ရှိရာ ယနေ့နံနက် ၈ နာရီ က ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ် ရပ်ကွက် ၊ သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့် ဆန်အိတ်များထောက်ပံ့လှူဒါန်းခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာသာသနာ့ရောင်ခြည်ကျောင်းဆရာတော်ဦးဇောတိက ထံမှ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးမြတ်ကို အမှူးပြုသောတက်ရောက်လာကြသူများက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြပြီးဆရာတော်များထံမှတရားဒေသနာ တော်များနာယူခဲ့ကြသည်။
ထိုနောက်် ဝန်ကြီးချုပ်နှင့်ဝန်ကြီးများ က သာသနာ့ရောင်ခြည်ဘုန်းတော်ကြီးကျောင်းသို့ လှူဖွယ်ဝတ္ထုငွေနှင့်ဆန် (၁၀)အိတ်ကိုထောက်ပံ့လှူဒါန်းခဲ့ပြီးလှူဒါန်းမှူအစုစုတို့အတွက်ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်းသတင်းရရှိသည်။