ပုသိမ် ဒီဇင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ကန်သာယာ ကန်ပတ်လမ်းတွင် ဒီဇင်ဘာလဖြစ်သည့် အားလျှော်စွာ လမ်းလျှောက်သူများ၊ ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်နေကြသူများဖြင့် စည်ကားလျက်ရှိကြောင်းသိရသည်။ အားကစားနှင့်ကာယပညာဦးစီးဌာန အေရိုးဗစ်( Fisnet dance) အဖွဲ့မှကန်သာယာ(ကန်သုံးဆင့်)ကန်ပတ်လမ်းနှင့်မြက်ခင်းပြင်တို့တွင် ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်ခြင်းများကို ဒီဇင်ဘာ ၄ ရက် ညနေခင်းအချိန်က ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။
အဆိုပါကန်ပတ်လမ်းကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်း ဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှ စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကာ ကန်တစ်ပတ်လည် လမ်း လျှောက်သူများ လမ်းလျှောက်နိုင်ရေးအတွက် အရှည် ၁၄၉၀ ပေ၊ အကျယ် ၈ ပေ၊ ၆ လက်မထုဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလက ဖောက်လုပ်ပေးခဲ့ခြင်းဖြစ်သည်။ ယခင်က ကန်သုံးဆင့် အပြင်ကန် ပတ်လမ်းကို အရှည်ပေ ၃၆၀၀၊ အကျယ် ၆ ပေ၊ ထု ၆ လက်မရှိသော ကန်သုံးဆင့်အပြင်ပတ်လမ်း ကို ၂၀၁၆ ခုနှစ်က တည်ဆောက်ပေးခဲ့ခြင်းဖြစ်ကာ ယခုနှစ်တွင် ကန်သုံးဆင့်(ကန်သာယာ) အပန်း ဖြေဥယျာဉ် Royal Lake အတွင်းပတ်လမ်းအဖြစ် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်။ ကန်သာယာ အပန်းဖြေဥယျာဉ် Royal Lake အတွင်း ဒီဇင်ဘာလ လူထုအားကစားလတွင် ကိုယ်လက်လေ့ကျင့် ခန်း ဆောင်ရွက်ခြင်းနှင့် လမ်းလျှောက်လိုသူများအတွက် နံနက် ၅ နာရီ ၃၀ မှစတင်ကာ နံနက် ၈ နာရီ ၃၀ အထိ လမ်းလျှောက်သူများနှင့် ကိုယ်လက်လေ့ကျင့်ခန်း ဆောင်ရွက်ကြသူများထံမှ ဝင်ကြေးကောက်ခံခြင်းမပြုရန် တာဝန်ရှိသူများနှင့် ညှိနှိုင်းထားရှိပြီးဖြစ်ကြောင်းသိရသည်။