ပုလော မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် ကိုဗစ်-၁၉ ​ ရောဂါကာကွယ်​ရေးလိုက်လံ အသိပေး နှိုးဆော်

ပုလော  ဒီဇင်ဘာလ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းစေရေး အတွက် ပြည်သူများ လိုက်နာကြရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက  လူစည် ကားရာ​​​နေရာများ​​ဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ် ရေး အသိပေးနှိုးဆော်ချက်များအား လှည့်လည်အသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နိုးဆော် ဆောင်ရွက်ရာတွင် ကိုဗစ်−၁၉ ရောဂါ ကူးစက် ပျံ့ပွားမှု နှုန်းသည် ယခင်ကထက် လျော့နည်းလာပြီဖြစ်ရာ   မိဘပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ် တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစု လူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာနှင့် မကြာခဏ ဆေးကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ် ခြင်း နီးစပ်ရာနှင့် ထိတွေ့ ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံနေရသည်ဟု သံသယ ရှိပါက  ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှု ခံယူကြရန်၊ ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာရန် အသံချဲ့စက်များဖြင့် အသိ ပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)