နွားထိုးကြီးမြို့နယ်အတွင်ရှိ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရေး အသိပေး နှိုးဆော်

နွားထိုးကြီး ဒီဇင်ဘာ ၆

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့တွင် ရပ်ကွက်များသို့ ဒေသခံပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရေး အသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ ညနေ ၅ နာရီကလိုက်လံနှိုး ဆော်ခဲ့ ကြောင်းသိရသည်။

အဆိုပါနှိုးဆော်ချက်များသည် ကိုဗစ်-၁၉ ရောဂါ လျော့နည်းစေရန်အတွက် ကာကွယ် ဆေးထိုးစု ရပ်များတွင် သွားရောက်၍ ထိုးနှံကြရန်၊အသက်ကြီးသူများ နှလုံးရောဂါရှိသူများ၊ဆီးချို ရောဂါ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာ ရောဂါ ရှိသူများ ကိုယ်ခံအားနည်းသူများအတွက် အန္တရာယ်များ ကြောင်းနှင့် ရောဂါအကောင်းဆုံးကာကွယ်ဖို့ စနစ်တကျ လက်မဆေးပဲမျက်စိ၊ နှာခေါင်းပါးစပ်တို့ကို လက်ဖြင့်ထိတွေ့ခြင်းမှ ရှောင်ကြဉ်ပါ၊ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့် တစ်ပြေးညီထုတ်ပြန် ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် ပြည်သူများ ပူပေါင်းဆောင်ရွက် ကြရန် တိုက်တွန်းနှိုးဆော်ခဲ့ကြောင်း သိရသည်။

နွားထိုးကြီးမြို့နယ်ရပ်ကွက်များသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ သဘာဝဘေးနှင့် စီမံခန့်ခွဲရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

သန်းအောင်ဇော်