ကျောက်ဆည်မြို့နယ် ရွာသစ်ကျေးရွာအတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်

ကျောက်ဆည်   ဒီဇင်ဘာ   ၆

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေရေးအတွက် မြို့နယ်အတွင်းရှိကျေးရွာများအား ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရပြီး  ရှားပင်ကျေးရွာတွင် ကျေးရွာမြစိမ်းရောင် စီမံကိန်း အတိုးရငွေ(၅၀) ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ၊ လုပ်အား၊ ပစ္စည်းများဖြင့် ကျေးရွာတွင်းလမ်းများအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရာ ယခုအခါ (၅၀)ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း  သိရသည်။

ကွန်ကရစ်လမ်းခင်းရာတွင် လမ်းအရည်အသွေးပြည့်မီစေရေးအတွက် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှအနီးကပ်ကြပ်ကြီးလျက်ရှိပြီး ကျေးရွာလမ်းကော်မတီဦးဆောင်၍ မြစိမ်းရောင် ကျေးရွာစီမံကိန်း အတိုးရငွေ၏ (၅၀)ရာခိုင်နှုန်းဖြစ်သော ငွေကျပ်(၁၃၀)သိန်း၊ ပြည်သူထည့်ဝင်ငွေလုပ် အား၊ ပစ္စည်းတန်းဖိုး (၁၈၇၈၀၀၀၀)ကျပ် စုစုပေါင်း ငွေကျပ်(၃၁၇၈၀၀၀၀)ကျပ် အသုံးပြု၍ အရှည် (၁၀၀၀)ပေ၊ အကျယ်(၁၂)ပေ၊ ထု(၆)လက်မရှိ ကွန်ကရစ်လမ်းခင်းခြင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 ကျောက်ဆည်မြို့နယ် ရွာသစ်ကျေးရွာတွင် မြစိမ်ရောင်ကျေးရွာစီမံကိန်းကို (၂၀၁၅-၂၀၁၆) ဘဏ္ဍာနှစ် တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး အိမ်ခြေအိမ်ထောင်စု(၁၅၇)စု၊လူဦးရေ(၇၆၈)ဦး နေထိုင်လျက်ရှိ ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)