တောင်သာမြို့နယ်အတွင်း၌ အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား တတိယအသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေး

တောင်သာ ဒီဇင်ဘာလ  ၆

မန္တလေးတိုင်းဒေသကြီး   မြင်းခြံခရိုင်    တောင်သာမြို့နယ်အတွင်း၌   အသက်(၁၈)နှစ်နှင့် အထက်ပြည်သူများအား  တတိယအသုတ်  ပထမအကြိမ်   ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေး ထိုးနှံပေးခြင်းကို ယနေ့ နံနက် ၉နာရီကစတင်၍ တောင်သာ အ.ထ.က ကျောင်း  နဝရတ်ခန်းမ နှင့်စုရပ်(၃)နေရာအားထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့   တတိယအသုတ်   ဒုတိယအကြိမ်အဖြစ်   ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပေး လျက်ရှိရာ ကာကွယ်ဆေးအလုံး(၁၁၁၀)၊ လူဦးရေပေါင်း(၅၅၄၆)ဦးကို စတင်ထိုးနှံပေးခြင်းအား မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊    မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးဟန်သူရနှင့်  ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊      မီးသတ်တပ်ဖွဲ့၊       ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊    ပရဟိတအသင်းများကပူးပေါင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ    တောင်သာ(အထက)ကျောင်းတွင်     အသက်(၁၈)နှစ်အထက် ပြည်သူများအား တတိယအသုတ်       ပထမအကြိမ်အဖြစ်     ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးရန် နှင့်အခြား ကျန်ရှိနေသူများကိုလည်း ကျန်းမာရေးဝန်ကြီးဌာန၏ သတ်မှတ်ဦးစားပေးအလိုက်   နေ့စဉ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)