ကျောက်ဆည် ဒီဇင်ဘာ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀)နာရီက ကိုဗစ်-၁၉ရောဂါ သက်သားပျောက်ကင်းသူ(၅၈၉)ဦးနှင့် ဆေးဝါးကုသမှုခံယူနေသူ (၃)ဦး ရှိကြောင်း ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေး မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီဦးဆောင်မှုဖြင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်း၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိသူများအား Test Kit ဖြင့် စစ်ဆေး ပေးခြင်း၊ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများအား ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိ လိုက်နာစေရေး ရပ်ကွက်/ ကျေးရွာများတွင် အသိပညာပေးခြင်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက် ရှိကြောင်း သိရပြီး ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအား ကျောက်ဆည်မြို့ ထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် စနစ်တကျ ဆေးကုသပေးလျက် ရှိကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရသူ (၆၉၆)ဦး၊ ရောဂါ သက်သာပျောက်ကင်းပြီး ကျန်းမာရေးကောင်းမွန်၍ ဆေးရုံမှပြန်လည်ဆင်းခွင့်ရရှိသူ(၅၈၉)ဦး၊ သေဆုံး သူ အမျိုးသား(၅၂)ဦး၊ အမျိုးသမီး (၅၂)ဦး စုစုပေါင်း(၁၀၄)ဦးနှင့် ဆေးဝါးကုသူမှုခံယူနေသူ အမျိုးသမီး (၃)ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရးပေါ်တုံ့ပြန်ရေး ကော်မတီ ထံမှသိရသည်။
သက်မောင်(ကျောက်ဆည်)