ကျိုက်လတ် ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာနနှင့်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ပူးပေါင်း၍ကျေးလက်နေပြည်သူများလူမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသမီးငယ်များ စွမ်းဆောင်ရည်မြင့်မားလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်ရည်ရွယ်၍ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု အခြေခံအပ်ချုပ်သင်တန်းဆင်းပွဲကို ယနေ့နံနက်၁၀နာရီက ကျိုက်လတ်မြို့နယ်အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းခန်းမ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သင်တန်းဆင်းပွဲတွင်ဧရာဝတီတိုင်းဒေသကြီးအသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးဦးစိုးနိုင်ထူး၊မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးကျော်ဇေယျတို့ကသင်တန်းဆင်းအမှာစကားများအသီးသီးပြောကြားခဲ့ပြီး၊မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းသတင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သတ်၍ရှင်းလင်းပြောကြားခဲ့၍အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းအုပ်ကြီးမှသင်တန်းဆင်းလက်မှတ်များပေးအပ်ခဲ့ကြောင်းသိရသည်။
အဆိုပါအခြေခံစက်ချုပ်သင်တန်းတွင် သင်တန်းသူ(၃၀) ဦးတက်ရောက်သင်ကြားခဲ့ပြီး၊ သင်တန်းဆရာမများက အခြေခံအပ်ချုပ်ဘာသာရပ်များကို (၈-၁၁-၂၀၂၁)မှ(၇-၁၂-၂၀၂၁)ရက်နေ့အထိတစ်လကြာ သင်ကြားပေးခဲ့ခြင်းဖြစ်ကြောင်းနှင့် ယခုလိုအပ်ချုပ်သင်တန်းတက်ရောက်ရတဲ့အတွက် မိသားစု အပိုဝင်ငွေများရရှိလာနိုင်ပြီး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိနိုင်တော့မှာဖြစ်ကြောင်း သင်တန်းတက်ရောက်သူ သင်တန်းသူတစ်ဦးက ဝမ်းသာပီတိစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုတိုးတက်ရေးဦးစီးဌာနအနေဖြင့် အခြေခံအပ်ချုပ်စက်သင်တန်း(၆)ကြိမ်၊ လက်သမားပန်းရံသင်တန်း(၃)ကြိမ်၊ ဆိုင်ကယ်ပြင်သင်တန်း(၃)ကြိမ်၊ တစ်လုံးထိုးအင်ဂျင်စက်ပြင်သင်တန်း(၂)ကြိမ်၊ စုစုပေါင်း အသက်မွေးဝမ်းကျောင်း အထောက်အကူပြု သင်တန်းပေါင်း(၁၄)ကြိမ် ဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးဦးအောင်မြင့်ထွန်းကပြောကြားခဲ့ကြောင်းသိရသည်။
ဌေးဌေးလှိုင်