တနင်္သာရီ ဒီဇင်ဘာလ ၇
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင် အားဝန်ကြီးဌာန တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့ နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသား စိစစ်ရေး ကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများရရှိရေးအတွက် ဒီဇင်ဘာလ (၄ရက်မှ ၆ရက်) အထိ (၃) ရက် တိုင်တိုင် (လဝက)မှူး ဦးတင့်နိုင်နှင့်ဝန်ထမ်း(၇)ဦးတို့က ဆင်ခြေဖုန်းကျေးရွာအုပ်စု-လယ် တောင်ယာ ရွာ ဇေယျာသုခ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံအတွင်း (အခမဲ့) ကွင်းဆင်း၍ ပြုလုပ်ပေးရာ အသက်(၁၀)နှစ် ပြည့် နိုင်(၃/က) ကတ်ပြား(၄၅)ဦး၊ အသက်(၁၈)နှစ်ပြည့် နိုင်(၆/က) (၈၈)ဦး၊ အသက်(၁၈)နှစ်ပြည့်လဲလှယ်(၆၉)ဦး၊ ပျောက်ဆုံး/ ပျက်စီးမိတ္တူ (၁၀၃)ဦး…သို့ပါ၍ နိုင်ငံသားစိစစ်ရေးကတ်ပြား (၃၀၅)ဦးနှင့် အိမ်ထောင်စုလူဦးရေစာရင်း (၁၀၈) စုတို့အား (အခမဲ့) ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ယင်းသို့ (လဝက) မှူးဦးတင့်နိုင်နှင့်ဝန် ထမ်းများက ကျေးလက်နေပြည်သူများအား ပန်းခင်း စီမံချက်ဖြင့် ကွင်းဆင်း၍ ဆောင်ရွက်ပေးရာတွင် လက်ရှိဇာတိရွာ၌ အမြဲတမ်း နေထိုင်၍ အိမ်ထောင်စုလူဦးရေစာရင်းရှိပြီး ကိုဆောင်လက်မှတ်မရှိ သူများအား ဆောင်ရွက်ပေးခြင်း၊ လက်ရှိ ဇာတိရွာ၌ အမြဲတမ်းနေထိုင်၍ အိမ်ထောင်စုလူဦးရေ စာရင်း (မရှိ)၊ ကိုင်ဆောင် လက်မှတ် (မရှိ) သူများကို ဆောင်ရွက်ပေးခြင်း၊ အခြားအရပ်ဒေသမှရွှေ့ ပြောင်းနေထိုင် လာပြီး အိမ်ထောင်စုလူဦးရေ စာရင်းမရှိသေးသူများနှင့် နိုင်ငံသားစိစစ်ရေး ကတ် မရှိသေး သူများအား ဆောင်ရွက်ပေးခြင်း စသည့်လုပ်ငန်းစဉ်(၄)ရပ်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း နှင့် အသက်(၁၀)နှစ်ပြည့်မှစ၍ ကိုင်ဆောင်သင့်သည့် ကတ်တစ် မျိုးမျိုး ရရှိရေးအတွက် ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)