ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပန်ကာမော်တာအပူလွဲကဲရာမှ မီးလောင်မှု ဖြစ်ပွား

ဒဂုံတောင် ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်အတွင်းရှိ အမှတ် (၁၀၇) ရပ်ကွက်၊ ဧရာမင်းလမ်း၊ ယမန်နေ့ နံနက် ၈ နာရီ ၄၀ မိနစ် အချိန်ခန့်က မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပန်ကာဖွင့်ထားခဲ့ရာမှ ပန်ကာမော်တာအပူလွန်ကဲပြီးအနီးရှိ အဝတ်အထည်များသို့ မီးကူးစက် လောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ မီးလောင်မှု ဖြစ်ပွားရာ နေရာသို့ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်၍ ဒဂုံတောင်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၂၀)ဦး၊ အရန် မီးသတ်တပ်ဖွဲ့ဝင်(၁ဝ)ဦးတို့ သွားရောက်မီးငြိမ်းသတ်ခဲ့ပါသည်။

မီးလောင်မှုကြောင့် သွပ်မိုး၊ သွပ်ကာ၊ ပျဉ်ခင်း(၁)ထပ် လူနေအိမ်၏ နောက်ဖေးအဆောက်အဦ မီးလောင်ကျွမ်းခဲ့ကြောင်းနှင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိပါကြောင်း သိရသည်။

သက်မင်းဟန်