သတင်းများ

အင်္ဂပူမြို့တွင် အသက်‌မွေးဝမ်း ကျောင်းအထောက်အကူပြု တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းသိမ်းနည်း သင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်လှစ်
Dec 07,2021
ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဖွံ့ဖြိုးတိုးတက်လာသောခေတ်နှင့်‌လျော်ညီသည့် နည်းပညာ ကောင်းများရရှိစေရန်နှင့် အသက်မွေးဝမ်းကျောင်းဆိုင် ရာလုပ်ငန်းများအထောက်အကူပြုစေရန်ရည်ရွယ်၍ သမဝါယမနှင့်ကျေး လက်ဖွံ့ဖြိုးတိုး တက်ရေးဝန်ကြီးဌာန၊ အင်္ဂပူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အလတ်စားစက်ပြင်အလုပ်ရုံ (ဟင်္သာတမြို့) တို့ပူးပေါင်းဖွင့်လှစ်သည့်အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု တစ်လုံး ထိုးဒီဇယ်အင်ဂျင်ပြုပြင် ထိန်းသိမ်းနည်းသင်တန်း အမှတ်စဉ်(၁/၂၀၂၁)ဖွင့်ပွဲအခမ်းအနားကိုယ‌နေ့ နံနက်၉နာရီခွဲ အင်္ဂပူမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ညောင်လေးပင်မြို့နယ်၌ နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရန် (Mask Campaign) အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Dec 07,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရန် ပြည်သူများ အပြင်ထွက်တိုင်း နှာခေါင်းစည်း(Mask) တပ်ဆင်သွားလာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များ လိုက်နာ၍ သွားလာ‌နေထိုင်ကြရန် အသိပညာပေး (Mask Campaign)ကို မြို့နယ်ကိုဗစ် ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌ ဦးဆောင်မှုဖြင့် ယနေ့နံနက် ၉နာရီခွဲအချိန်က မီးသတ်ဦးစီးဌာနရှေ့့နှင့် မြို့မဈေးကြီးရှေ့့တို့၌ ဆောင်ရွက်ခဲ့ကြ သည်။
ဝမ်းတွင်းမြို့နယ် ဒေသခံပြည်သူ (၁၁၁၂) ဦးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm နှင့် Sinovac များ ထပ်မံထိုးနှံပေး
Dec 07,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ Sinovac FirstDose၊ SecondDose ထိုးနှံပေးခြင်းကို ယမန်နေ့နံနက် (၈) နာရီအချိန်က သက်ဆိုင်ရာစုရပ်တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။
သစ်လွင်ဝန်ထမ်းများ လုပ်ငန်းကျွမ်းကျင်မှုရှိရေး ဌာနတွင်းဘာသာရပ်ဆိုင်ရာ သင်တန်း ဖွင့်ပွဲကျင်းပ
Dec 07,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မွန်ပြည်နယ် ဦးစီးမှူးရုံးမှ သစ်လွင် ဝန်ထမ်းများ အတွက် ဌာနတွင်းဘာသာရပ်ဆိုင်ရာ သင်တန်းဖွင်ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက မော်လမြိုင်မြို့ ပြည်နယ် ခန်းမတွင်ကျင်းပခဲ့ရာ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေထွဋ်ဦး၊ လူမှုရေးရာဝန်ကြီး၊(လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်နယ် ဦးစီးမှူး) ဦးတင်ချယ်၊ ပြည်နယ်၊ခရိုင်၊မြို့နယ်ရုံးတို့မှ တာဝန်ရှိသူများနှင့် သစ်လွင်ဝန်ထမ်းများ တက်ရောက် ကြသည်။
တောင်သာမြို့နယ် ပြည်သူ့စာကြည့်တိုက်ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 07,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် တောင်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံး  ပြည်သူ့စာကြည့်တိုက်တွင်  တစ်ခေတ်တစ်ယောက်  ပထမမြန်မာတွေ-၃    စာအုပ်ဖြင့်စာဖတ်ဝိုင်းကို  ယနေ့ နံနက် ၁၀ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိနိုင်ရေး လိုက်လံနှိုးဆော်ပေးလျက်ရှိ
Dec 07,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ညွှန်ကြားချက်များကို ပြည်သူများ ပိုမိုသိရှိလိုက်နာနိုင်ရေး Hand Speaker ဖြင့် အသိပညာပေးနှိုးဆော်မှုကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် မြို့ပေါ်(၄)ရပ်ကွက်အတွင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Dec 07,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆကဆံရေးဦးစီးဌာနနှင့် စာအုပ် စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသားသော “လူငယ်နဲ့အခွင့်အလမ်း”စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ စာကြည့်တိုက် လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
နွားထိုးကြီးမြို့နယ်တွင် အသက်(၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံ
Dec 07,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့်ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။