ဘိုကလေး ဒီဇင်ဘာ ၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးတွင်းနံရံကပ်ဘုတ်တွင် ယနေ့နံနက် (၁၀)နာရီမှစတင်၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး နံရံကပ်စာစောင်များအား စတင်ပြသဆောင်ရွက်ရာ ကျောင်းသား/ သူများနှင့် အများပြည်သူများ လာရောက်လေ့လာကြည့်ရှုကြသည်။
အဆိုပါ နံရံကပ်ဘုတ်တွင် ကလေးသူငယ်၏ အသက်အပိုင်းအခြားကန့်သတ်မှု၊ ကလေးသူငယ်များ၏ လူမှုရေးဆိုင်ရာအရည်အချင်းနှင့် ပြဿနာဖြေရှင်းခြင်းဆိုင်ရာ နည်းလမ်းများ၊ ကလေးသူငယ်ဘဝမှ ကလေးအလုပ်သမားအဖြစ် ပြောင်းလဲခြင်းခံရသည့် အချက်များ၊ ကလေး အလုပ်သမား ပြဿနာများကို ကိုင်တွယ်ဖြေရှင်းကြသည့် နိုင်ငံတကာလမ်းစဉ်များအား ပြည့်စုံစွာ ထည့်သွင်းပြသထားရှိကြောင်းနှင့် ဘိုကလေး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပြစ်ကင်းသည့် ကလေးငယ်များဘဝမှ ကလေးအလုပ်သမား များအဖြစ်သို့ အဓမ္မခိုင်းစေခံရခြင်း မရှိစေရေးနှင့် ကလေးအလုပ်သမားများ ပပျောက်စေရေးတို့ကို ရည်ရွယ်၍ ၎င်းနံရံကပ်ဘုတ်အား ပြသဆောင်ရွက်ခြင်း ဖြစ်ကြောင်းသိရသည်။
မိုးစက် (ဘိုကလေး)