မြောက်ဥက္ကလာပမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ခုတ်ထွင်ရှင်းလင်း ဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် သန်ရှင်းသာယာလှပစေရေးနှင့်  အမြင်တင့်တယ်စေရေးအတွက် (ဃ)ရပ်ကွက် ခေမာသီလမ်းနှင့် သုနန္ဒာလမ်းမကြီး ဘေးဘက် ဝဲ၊ ယာ လမ်းတစ်လျောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့နံနက် ၈ နာရီက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးအောင်မင်း ကြီးကြပ်မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် ပန်းဥယျာဉ်ဌာန၊ ရေစီးရေလာနှင့် သန့်ရှင်းရေးဌာန၊ လမ်းတံတားဌာန၊ စီမံရေးရာဌာနများမှ ဝန်ထမ်းများ စုပေါင်း၍ လမ်းမကြီးဘေးဘက် ဝဲ၊ယာမှ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြံစည်းရိုးများတွင် တွယ်တက်နေသည့် ခြုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းများတွင် ဖုံးအုပ်နေသည့် အမှိုက်များကို ရှင်းလင်းခြင်း၊ ရှင်းလင်း သိမ်းဆည်းပြီးသည့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြမြဝင်း