တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask Campaign ဆောင်ရွက်

တောင်ဥက္ကလာပ ဒီဇင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယမန်နေ့နံနက် ၈ နာရီအချိန်က ပဒေသာဈေး၊ ပုံဏ္ဏမီဈေးနှင့် လူအများသွားလာရာ လမ်းဆုံလမ်းမများ တစ်လျောက် လမ်းသွားလမ်းလာ ပြည်သူများ၊ ဈေးဝယ်/ဈေးရောင်း ပြည်သူများအား Mask များကို အခမဲ့ဖြန့်ဝေ၍ Mask Campaign ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ပြည်သူများ အနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း နှာခေါင်းစည်းကိုသတ်မှတ် စည်းကမ်းများနှင့်အညီ စနစ်တကျ တပ်ဆင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြတ်မိုးနှင့် ကော်မတီဝင်များ၊ စည်ပင်သာယာရေး ဝန်ထမ်းများနှင့် ဈေးတာဝန်ခံများ ပူးပေါင်း၍ အသိပညာပေးပြီး နှာခေါင်းစည်း Mask အခုရေ ၁၀၀၀ ကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ခင်ဆွေနှင်း