သနပ်ပင်မြို့နယ် စည်ပင်သာယာဈေးအတွင်း မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးဆောင်ရွက်
Dec 09,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် စည်ပင်သာယာရေးဈေးအတွင်း ဈေးဆိုင် ခန်းများအား မီးဘေး ကြိုတင် ကာကွယ်ရေးအတွက် ပဲခူးခရိုင်မီးသတ်ဦးစီးမှူးဦးဆောင်၍ သနပ်ပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးနှင့် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေး အမှုဆောင်အရာရှိ ဦးအောင်သူရနှင့်ဝန်ထမ်းများ၊ မြို့နယ် စည်ပင်သာယာရေးဥက္ကဋ္ဌနှင့် ဈေးအကျိုးတော်ဆောင်များ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက မြို့မဈေးအတွင်း အပြင်များအား စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။